[50]

2.3K 367 11
                                    

[Unicode]

မင်းက အရမ်းသ​ဘော​ကောင်းတယ် နှင့် The 囧 Task


ဆုနို​လေးက ထို cmt ကို သုံးမိနစ်ခန့် စူးစိုက်
ကြည့်ပြီး ထိတ်လန့်စရာကောင်းသည်ဟုခံစားလိုက်ရသည်။ ဘာကြောင့်လဲဆိုတော့ သူ ကိုယ်ဝန်လွယ်ထားနေတဲ့မြင်ကွင်းကို အလိုလိုပုံ​​ဖော်လိုက်မိလို့ပါပဲ!

ကိုယ်ဝန်ရှိတယ်ဆိုတာနဲ့တင် ကြောက်စရာကောင်းလွန်းနေတာကို,ထပ်ပြီး နို့ထွက်​ပေး​နေရအုံးမှာလား!ငါ့မှာ အဲဒီလို့ အစွမ်းအစလုံးဝမရှိဘူး!

ဒီလို ထူးဆန်းတဲ့ စိတ်ကူးယဥ်ဆန်မှုကြီးက အရမ်းကို မုန်းစရာ​ကောင်းလွန်းသည်။ လူတိုင်းက သူတို့ကို ဆူပူကြိမ်း​မောင်း​ပေးဖို့​တော့ လို​နေပြီ! တခြားသူ​တွေကလည်း ဒီ cmtကို ဆန့်ကျင်နေမှာပဲဆိုတဲ့ မျှော်လင့်ချက်တွေအပြည့်နဲ့ ဆုနို နောက်စာမျက်နှာ တစ်ရွက်ကို လှန်လိုက်သည်။ဒါပေမဲ့ အကြောင်းအရာတွေက​တော့ ဆုနို​မျှော်လင့်ထားတာ​​တွေနဲ့​တော့ တခြားစီပါပဲ။

'OP ကတော့များသွားပြီ။ဘာလိုများ ဒီလိုမျိုး လျှောက်တွေးနိုင်ရတာလဲ' (သို့) 'ဆုနိုက ကျော့ရှင်းပြီး သြဇာအပြည့်ရှိတဲ့သူမျိုး ဘယ်လိုလုပ်ပြီး ဒီဝတ္ထုထဲက ဆုနိုနိုလိုမျိုး နူးညံ့ပြီး ပျော့ညံ့​နေမှာလဲ!........

အဲ့ဒီလို cmt တွေအစား........အကုန်လုံးက ချီးကျူးထားတဲ့ cmtတွေချည်းပါပဲ! လူတိုင်းက OP မှန်​ကြောင်းကို ထောက်ခံကြတယ်!OP က အရမ်း မိုက်တယ်!OP က အ​ကောင်းဆုံးပဲ!OP ပြောသလိုပဲ။ဆုနိုနိုက ဆုနိုနဲ့ တအားတူတယ်! နူးညံ့ဖြူ​​ဖွေးကြည်ထွက်​နေတဲ့အသားအရည်နဲ့ သိမ်​မွေ့တဲ့အလှ​လေးပဲ! သူ့လက်​လေးကိုဆွဲပြီး အိမ်ကို​ခေါ်သွားချင်တယ်!

Note:OP-ပို့စ်တင်သူ

မော်ဒယ်ဆုတစ်​ယောက် သူ့​ခေါင်းက​နေ ဒေါသ​ငွေ့​တွေ တောက်​လောင်သွားသလို ခံစားလိုက်ရသည်။

မင်းကသာ နူးညံ့သိမ်​မွေ့တဲ့အလှ​လေး!မင်းတို့ တစ်မိသားစုလုံးကသာ နူးညံ့သိမ်​မွေ့တဲ့အလှ​တွေ!
ငါက ယောကျ်ားဆန်ဆန်ခန့်ညားတဲ့ ယောကျ်ားကြီးဆိုတာ အသိသာကြီးပဲ!ငါ့မှာ abs တွေမရှိရင်​​တောင် ငါက ခန့်ညားတဲ့ယောကျ်ားတစ်​ယောက်ဖြစ်​နေတုန်းပဲ။ဘာလို့လဲဆိုတော့ ငါ့မှာ နိုအ​သေး​စားလေး* ရှိ​နေလို့ပဲ!

ဖက်ရှင်ကျသည့် မစ္စတာ ||မြန်မာဘာသာပြန်||Where stories live. Discover now