[51]

1.8K 340 5
                                    

[Unicode]

ဖုံးကွယ်ခံလိုက်ရတဲ့ အချစ်နှင့် စားချင်စိတ်မရှိဘူး


သူ့ရဲ့ခန့်ညားတဲ့လူကြီးကို ကြိုဖို့အတွက် သူ ဆက်စီအတွင်းခံကို လဲဝတ်လိုက်ပါ​တော့သည်။
သူဘာလုပ်နေမိလဲ ဆိုတာကို ပြန်စဥ်းစားမိ​တော့
သူ အရမ်း,အရမ်းကို ရှက်သွားရသည်။ဒါ​ပေမယ့်လည်း စိတ်လှုပ်ရှားမှုကိုလည်း တစ်ချိန်တည်းမှာ ခံစားလိုက်ရပြန်သည်။

thongs ကျ​တော့ နည်းနည်း ပွင့်လင်းပုံ​ပေါ်တယ်။ဒါ​ပေမယ့် သူ့အားသာချက်က ဆွဲ​ဆောင်မှုရှိတာပဲ! ဒါဆိုရင် သူဝတ်သင့်လား,မဝတ်သင့်ဘူးလား?

ဒီလို​မေးခွန်းမျိုးက လေးလေးနက်နက်စဥ်းစား​ဖို့ ထိုက်တန်၏။ ဆုနို မှန်ရှေ့တွင်ရပ်ကာ အလွန်ရှည်လျားထွေပြားတဲ့ စဉ်းစားတွေးခေါ်မှုတစ်ရပ်ကိုခံယူခဲ့ပြီးနောက်ဆုံးတွင် သူ......ဆုံးဖြတ်လိုက်ပါတယ်.....ချွတ်ပစ်လိုက်ဖို့!

ဆွဲ​ဆောင်မှုရှိတဲ့ အတွင်းခံကို လဲဝတ်လိုက်မယ်ဆိုရင် မိစ္ဆာအဖြစ် ကူး​ပြောင်းသွားရ​လောက်​အောင် ကသိက​အောက် ဖြစ်ရလိမ့်မယ်လေ!

သူက ဆက်စီကျကျနဲ့ ကြော်ငြာတွေရိုက်ကူးတယ်ဆို​ပေမယ့်လည်း အဲဒါက​​ အလုပ်အတွက်ဖြစ်တာမို့ ဖိအားလုံးဝ မရှိ​ဘူး!ဒါ​ပေမယ့် သူ အခုချိန်မှာ အခုလို လုပ်လိုက်မယ်ဆိုရင် သူ့ကို ပြင်းပြင်းထန်ထန်လေး ချစ်​ပေးဖို့ မြူစွယ်​နေတာနဲ့ တူသွားလိမ့်မယ်။ဒါ ရှက်စရာပဲ!

ဘာပဲဖြစ်ဖြစ်လေ အတွင်းခံဆိုတာ အခုပဲဖြစ်ဖြစ်,နောက်မှပဲဖြစ်ဖြစ် အချွတ်ခံရမှာပဲ။ ဘာဝတ်ထားတယ်ဆိုတာ မ​ရေးမကြီးပါဘူး။ သူ့အသားအရည်​လေး ကောင်းနေသ​ရွေ့ အဆင်​ပြေတယ်!

ဆုနို သူ့ကိုယ်သူ နှစ်သိမ့်လိုက်သည်။သူ့ရဲ့ တင်ပါး​လေးက အနည်းငယ်နာကျင်​နေ​သေး​သော်လည်း နောက်တစ်ကြိမ်အတွက် သူ တက်ကြွ​နေ​သေး၏။

သူချစ်ရတဲ့ ခန့်ညားတဲ့လူကြီးကြောင့် သူနဲ့အတူတူ အရင်းနှီးဆုံးကိစ္စ​တွေကို လုပ်ချင်တယ်!

Ren Rui ရဲ့ ရုံးခန်းထဲမှာတော့ အိုးရန်လုံသည် အလုပ်​တွေကို အမြန်ပြီးဖို့ ကုန်းရုန်းလုပ်​နေ​တော့သည်။ သူ လုပ်စရာ​တွေကို အပြတ်ဖြတ်ပြီး ကျန်တဲ့ဝန်ထမ်း​တွေ အခုထိ အချိန်ပိုလုပ်​နေတာကိုလည်း ဂရုမစိုက်​နိုင်တော့ဘဲ ကျန်တာတွေကို ကုမ္ပဏီမှာသာ ချန်ရစ်ခဲ့​တော့သည်။တကယ့်ကို ဘော့စ်တစ်​ယောက်ပဲ!

ဖက်ရှင်ကျသည့် မစ္စတာ ||မြန်မာဘာသာပြန်||Where stories live. Discover now