[52]

1.8K 340 5
                                    

[Unicode]

ဥက္ကဌမုနှင့် ကိုယ်ကျင့်တရား မရှိခြင်း

ားချင်စိတ်​မရှိဘူးဆိုတဲ့ ဆုနိုက တကယ့်ကို ကြောက်စရာကောင်းလွန်း​နေ​တာကြောင့် ဒိုင်အန်း စိတ်ပူ​နေရကာ တဖက်လူရဲ့စိတ်ထဲကို ခုန်ဝင်ပြီး 'သူတကယ် ဘာဖြစ်​ချင်​နေတာလဲ' ဆိုတာကို ဝင်ကြည့်ချင်မိသည်။

သူ ဘာမှမစားချင်ဘူးဆိုတာကိုက အဓိပ္ပါယ်မရှိဘူး​လေ!

လွန်ခဲ့တဲ့ တစ်နှစ်တုန်းက မဂ္ဂဇင်းတစ်ခုက​နေ ဖက်ရှင်လောကမှ နာမည်ကြီးများအတွက် စစ်တမ်းတစ်ခုကောက်ယူခဲ့ပြီး ဆုနိုက ဒုတိယနေရာကို ရရှိခဲ့သည်။ ဒုတိယနေရာကလည်း အလွန်အံ့သြဖွယ်ပင်ဖြစ်သော်လည်း ပြဿနာက ပထမနေရာကို ရသွားခဲ့သူက ချိုးကျီယန် ဖြစ်နေတာပဲ။

ချိုးကျီယန်ဆိုတာနဲ့တင်ကို လုံးဝ သည်းမခံနိုင်ဘူး!

ဆုနို ဒါကို မြင်လိုက်သည်နှင့် ဒေါသ​တွေ တလိပ်လိပ်တက်လာကာ ပေါက်ကွဲ​တော့သည်။သူ့ရဲ့ဒေါသမီးလျှံ​တွေ တရိပ်ရိပ် တောက်လောင်ရင်း သူ ဂဏန်းဖက်ထုပ်စွပ်ပြုတ်ကို ဆယ်ပွဲထက်မနည်း စားခဲ့တယ်လေ! ပြီး​တော့ ချိုးကျီယန်ပုံကိုလည်း မာကာနဲ့ ကျောက်​ခေတ်လူသားပုံစံ ဆွဲလိုက်သေးတယ်။ ၎အရမ်းကို က​လေးကလားဆန်လွန်းတာပဲ!

အဲ့လိုကိစ္စ​တွေဖြစ်ခဲ့​တော့ ဒိုင်အန်းခဗျာ သေလု​မျောပါးနှိပ်စက်ခံခဲ့ရသလိုပဲ။ ဆုနိုကို နှစ်သိမ့်ရင်းနဲ့ သူ့ဘဝသက်တမ်း​ တော်​တော်များများ ကုန်ဆုံးသွားရသည်။

ဒါပေမဲ့ အဲ့ကိစ္စ​တွေပြီးသွား​တော့ ဆုနိုက 'စားချင်စိတ်မရှိဘူး'ဆိုတဲ့ စကားအပြင် နီးစပ်တဲ့ စကားလုံးတွေကို​တောင် ဘယ်​တော့မှ မ​ပြော​တော့​ပေ။အဲ့ဒီအစား သူ ပိုပြီးတော့တောင် စားလာခဲ့ပြီး အစားအသောက်တွေကို  သွပ်ထည့်တဲ့ ပုံစံပြောင်းသွား​တော့သည်။
ချောကလက်အနှစ်​တွေကို ဇွန်းအပြည့်နဲ့ စား​သောက်တာမျိုး​ပေါ့။ တကယ့်ကို ယောကျ်ားပီပီသသကို စား​နေတော့တာပဲ။

"နိုနို....ငါတို့ ပင်လယ်စာ​ဟော့​​ပေါ့ကို အိမ်မှာ,မှာစားရ​အောင်​လေ။ မ​​​ကောင်းဘူးလား?" ဒိုင်အန်း မေးလိုက်သည်။

ဖက်ရှင်ကျသည့် မစ္စတာ ||မြန်မာဘာသာပြန်||Where stories live. Discover now