Chapter 58- ဦးသဝန်ကြောင်

1.8K 212 3
                                    

( အေး ဒါနဲ့၊ မင်း ငါ့ကိုမပြောရသေးဘူး။ မင်းမျက်နှာ ဘယ်လိုလုပ် ဒီလိုပုံစံဖြစ်သွားတာလဲဆိုတာ?)
BaiLuoYin မပြုံးချင် ပြုံချင် ပြုံးလျက် ( ဘတ်စကတ်ဘော ဂိုးခြင်းအောက်က သံတိုင်နဲ့ ဝင်တိုက်တာ)
YangMeng စိတ်ပူတာမှန်ပေမယ့်၊ သူ ရယ်လည်းရယ်ချင်တယ်။ ( ဘာ.. မင်း ဘတ်စဘောကစားရင်လည်း၊ ရိုးရိုးကစားပေါ့။ ဘာကိစ္စ သံတိုင်နဲ့ ပြေးဆောင့်စရာလိုလဲ?)
အဲ့လိုပြောပြီးတာနဲ့ BaiLuoYinရဲ့နှုတ်ခမ်းထောင့်ကို သူ့လက်နဲ့သွားထိကြည့်တယ်။ နောက် သွေးစီးကြောင်းကို မြင်တာနဲ့ သူကိုယ်တိုင် နာကျင်ရသလိုမျိုး သွားစိထားမိတယ်။
( ငါတို့အတန်းထဲက ခပ်ဝဝနဲ့ကောင် ငါ့ကိုဝင်တိုက်တာ။ ငါကလည်း အခေမြခိုင်တာ ပါတယ်)
( အဲ့ဒီကောင် ဝိတ်ဘယ်လောက်ရှိလဲ)
( ပေါင် ၂၀၀ ကျော်မှာပေါ့!)
YangMeng စိတ်တိုသွားတယ်။ ( အဲ့ဒီအသင်းရဲ့ အသင်းခေါင်းဆောင်က ဦးနှောက်ရော မှန်ရဲ့လား။ ပေါင်၂၀၀ကျော်တဲ့လူကို ကစားခိုင်းရတယ်လို့။ ဒါက အခြားသူတွေကို ဘော်ဒီဝင်တိုက်ပြီး နာအောင်လုပ်ချင်တယ်ဆိုတာ ရှင်းနေတာပဲ။ သေစမ်းကွာ! အဲ့ဒီအသင်းခေါင်းဆောင်ဆီက မင်းရဲ့ ဆေးဖိုးစရိတ်တွေ တောင်းသင့်တယ်နော!!)
အခုလို အာဘောင်အားရင်းသန်သန်နဲ့ YangMengရဲ့စကားအဆုံးမှာ၊ တစ်လောကလုံး တိတ်ဆိတ်သွားတယ်။ သူ့ဘေးနားက မိုးမခကိုင်းမှာတောင် ရေခဲသား ပါးပါးလေး တွယ်ကပ်လာသလားလို့ YangMeng ခံစားမိတယ်။ အစောပိုင်းကတည်းက စကားတခွန်းမှ မဟတဲ့ လူတစ်ယောက်ဆီကို သူ့အကြည့်ရောက်သွားတော့၊ ထိုသူ့ရဲ့မျက်နှာဟာ ကတ္တရာစေး လောင်းထားသလို ညိုမဲနေတော့တယ်။
YouQi ဟားတိုက် ရယ်လိုက်ချင်တယ်။ ဒါပေမယ့် သူ့မှာ မရယ်ရဲ။ မရယ်မိအောင် အောင့်ထားရလို့ သူ့နှုတ်ခမ်းထောင့်တွေ တွန့်နေကတြယ်။
သူ့ကို စိုက်ကြည့်နေတဲ့ GuHaiကို YangMeng တွေ့တယ်။ သူ ကြက်သီးထလာတယ်။ GuHai ကြည့်ရတာ ယမမင်း ဝင်ပူးနေသလိုဖြစ်နေတာ။
YangMeng လေသံလေးနဲ့ တိုးတိုးလေး ကပ်မေးတယ်။ ( YinZi မင်းဘေးက ဘယ်သူလဲဟင်?)
BaiLuoYin တိုတိုတုတ်တုတ်ပဲ ဖေလြိုက်တယ်။ ( အသင်းခေါင်းဆောင်)
အမေ့......YangMeng ကြက်သေသေသွားတယ်။ သူ့လည်စလုပ်က တက်လိုက်ကျလိုက်ဖြစ်နေတယ်။ သူ GuHaiကို သဘာဝကျကျ နှုတ်ဆက်ဖို့ ကြိုးစားကြည့်တယ်။
( ဟိုဟာ... စိတ်မရှိပါနဲ့။ အစောက ငါပြောလိုက်တဲ့ စကားတွေကို နားထဲ မသွင်းနဲ့)
GuHai ဖြေးဖြေးချင်း သူ့အမူအရာသူ ပြန်ထိန်းလိုက်တယ်။ မြန်ဆန်ပြီး စူးရှတဲ့မျက်လုံးတွေနဲ့ YangMengကို ဝေ့ကြည့်ကာ၊ သူ့အပြုံးမှာ လူသတ်ချင်တဲ့ဗီဇစိတ်ကို ဖုံးကွယ်ထားတယ်။
( ငါနာမည်က GuHai။ တွေ့ရတာ ဝမ်းသာပါတယ် မိန်းမချောလေး)
YangMeng ဒေါသတကြီးနဲ့ ( သေချာလည်း ကြည့်ဦး။ ငါက ယောက်ျားလေး)
GuHai အားထောင့်အားနာ ပြုံးလျက် ( မင်းက ယောက်ျားလေးလား? ငါ လုံးဝ မသိလိုက်လို့)
BaiLuoYinက GuHaiကို ကြည့်ပြီး ( မင်းမျက်လုံး ဘာဖြစ်နေလို့လဲ?)
GuHaiက ရိုးရိုးလေး ပြန်ဖေတြယ်။ ( ငါ့မျက်လုံးက မကောင်းဘူးဆိုတောင်၊ လူကိုတော့ ဘယ်သူဘယ်ဝါဆိုတာ မြင်နိုင််ပါသေးတယ်။ ဒါပေမယ့် ချော်လဲပြီးတာနဲ့ မျက်လုံး ကန်သွားတဲ့ လူတစ်ယောက် ရှိသေးတယ် )
BaiLuoYinရဲ့မျက်နှာ ခပ်တည်တည် ဖြစ်သွားပြီး၊ လေသံက ပိုမာလာတယ်။
( GuHai တော်တော့! ဒါလိုပြောမိတာ YangMeng အပြစ်မှ မဟုတ်တာ။ မင်း သူ့ကို ဘာကိစ္စ ရန်လိုနေရတာလဲ? ငါတို့ကစားတဲ့ ပွဲထဲ သူပါတာမှ မဟုတ်ဘဲ။ မင်းကို အသင်းခေါင်းဆောင်မှန်း သူ ဘယ်လိုလုပ် သိမှာလဲ?)
GuHaiရဲ့ရင်ထဲမှာ ချိန်ခွင်တခုရှိပါတယ်။ ချိန်ခွင် တဖက်ကို တစ်ယောက်ယောက်က နင်းလိုက်ရင်၊ ကျန်တဲ့ တဖက်က စောင်းသွားရော။ အဲ့ဒီစောင်းသွားတဲ့ တဖက်မှာ သဝန်တိုတတ်တဲ့ ဂျယ်လီအိုး ပါတယ်။ သေရော! ထင်မှတ်မထားပါဘဲ ဂျယ်လီအိုး လျှံကျသွားပြီး၊ GuHai ရင်ခွင်တခွင်လုံး သဝန်တိုစရာတွေ ရွှဲရွှဲစိုသွားတော့တယ်။
GuHai သူများကျတော့ လှောင်ပြောင် ပျက်ရယ်ပြုတတ်တယ်။ အဲ သူများက သူ့ကို ဟာသလာလုပ်တော့၊ သူ ဆတ်ဆတ်ထိ မခံနိုင်ဘူး။
ရတယ်လေ..မင်း ငါ့ကို မျက်စိစပါးမွှေးစူးစရာလို့ ထင်တယ်ပေါ့? မင်းကြောင့် ငါ့အချိန်တွေ အဆုံးရံှုးမခံတော့ဘူး!
GuHaiက BaiLuoYinရဲ့အင်္ကျ ီကို ကိုင်ပေးထားတာ။ ရုတ်တရက်ကြီး အဝတ်အစားထုတ်ကို BaiLuoYin ကိုယ်ပေါ်ကို ပစ်ပေးလိုက်ပြီး ဘာစကားမှ မပြောဘဲ လှည့်ထွက်သွားတော့တယ်။
( မဟုတ်သေးပါဘူး။ ဒီလူ ဘာကိစ္စ ဒီလောက် စိတ်ဆိုးမာန်ဆိုးဖြစ်သွားရတာလဲ?) YangMeng တုံနိဘာဝေ ဖြစ်နေတယ။်
BaiLuoYinကတော့ အေးဆေးပဲ။ ဘာမှတော့ မပြောဘူး။
YangMengက BaiLuoYinကို မေးတာ ( အိုကေပါ့မလား?)
( အိုကေတယ်။ သူ့ကို ပလစ်ထားလိုက်!)
----------------------
အတန်းချိန်တဝက်စာလောက် အနားယူပြီးမှ BaiLuoYin အတန်းထဲ ပြန်ဝင်လာတယ်။ သူ့ဘယ််ဖက်မျက်နှာတခြမ်းက ရောင်ကိုင်းနေတယ်။ ပါးရိုးနားလေးက အဆိုးဆုံးပဲ။ အညိုအမဲ အကြီးကြီး စွဲနေတယ်။
GuHai..BaiLuoYin ရှိရာဘက်ကို စောင်းငဲ့ကြည့်ပြီး ချက်ချင်း နောင်တရမိတယ်။ အခုလေးတင် BaiLuoYinဟာ စေတနာနဲ့ တန်တဲ့လူစားမဟုတ်ဘူးလို့ သူ့ကိုယ်သူ နားချနေခဲ့တာ။ BaiLuoYin ဟာ သူထင်ရာ သူစိုင်းတဲ့သူ။
ဒါပေမယ့် BaiLuoYinရဲ့ ရုပ်ပိုင်းဆိုင်ရာ အခေအြနေကို သူ တွေ့လိုက်ရတော့၊ GuHai စိတ် ချက်ချင်းပြောင်းသွားတယ်။ မင်းက ဘာကြောင့် သူ့ကို ဒေါသထွက်ရမှာလဲ? သံတိုင်နဲ့ ဝင်တိုက်မိလို့ ဒဏ်ရာရနေတဲ့လူက ဘယ်လိုလုပ် စိတ်ကြည်ကြည်လင်လင် ရှိမှာလဲ? ဒီတခါတော့ သူ့ကို မင်းခွင့်လွှတ်ပေးလိုက်ပါလား? အခု သူ့မျက်နှာလေးလည်း ကြည့်ပါဦး။ ဒီလောက်ဖြစ်နေတာတောင် မင်းက နှစ်သိမ့်စကားလေး တခွန်းမှ မပြောဘဲ၊ မင်းက ဝမ်းနည်းစိတ်ပျက်နေရသေးသလား? မင်းမှာ လူသားချင်း စာနာထောက်ထားစိတ်လေး ဘာလေး မရှိဘူးလား?
GuHai စိတ်လွတ်နေတုန်း၊ အံဆွဲထဲက ပိုက်ဆံအိတ်ကို BaiLuoYin ဆွဲထုတ်လိုက်ပြီး Guhai စားပွဲပေါ် ပစ်တင်လိုက်တယ်။
( မင်းဟာ)
နှစ်လုံးတည်း။ အသံက မာဆတ်ဆတ်နဲ့။
ဒါကို GuHai ကြားတယ်။ BaiLuoYin စိတ်ဆိုးနေတုန်းပဲကိုး!
သူက စိတ်ဆိုးရတယ် ရှိသေးတယ်။ GuHai ရင်ထဲက အပူချိန်တွေ ကျလာပြန်တယ်။ မင်းက ဘာကိစ္စ စိတ်ဆိုးရတာလဲ? မင်းရဲ့အချစ်ဆုံးသူငယ်ချင်းကို ငါက တခွန်တလေပြောလိုက်လို့တဲ့လား? အခုလေးတင်မှ မင်းကိုခွင့်လွှတ်ပေးမလို့ ငါက စဉ်းစားနေခဲ့တာ။ ဒါတောင် မင်းက မောက်မောက်မာမာနဲ့ ငါ့ကို ခက်ခက်ထန်ထန် ဆက်ဆံတယ်ပေါ့? နေနိုင်မလားလို့! မင်း နေနိုင်ရင် ငါ့ကို စကားတခွန်းမှ လာမပြောနဲ့။ မင်းနဲ့ ငါ ဘယ်သူက ပိုစိတ်မာသလဲဆိုတာ ကြည့်ရသေးတာပေါ့!
GuHai ဆီကို ပိုက်ဆံအိတ်ပစ်ပေးပြီးတာတောင်၊ BaiLuoYin စိတ်မပြေသေးဘူး။ စိတ်က ပိုလို့တောင် တိုလာသေးတယ်။ သူ့မှာ ဆရာ စာသင်နေတာတောင် အာရုံစိုက်ပြီး နားမထောင်နိုင်ဘူး။ သူ့စားပွဲခုံနောက်က အသံဆီပဲ စိတ်ရောက်နေမိတယ်။ Guhai ချောင်းဆိုးလိုက်တဲ့ အခါတို့.... နောက် GuHai စားပွဲခုံ ရွေ့သွားတဲ့ အခါတို့ဆို သူ့စိတ်တွေ ဂဏှာမငြိမ်ဖြစ်လာပြီး စိတ်ငြိမ်အောင် မနည်းထိန်းနေရတယ်။
ဒီအတန်းချိန်၂ချိန်ကုန်တဲ့အထိ သူ တောင့်ခံနိုင်အောင်၊ BaiLuoYin အိပ်နေဖို့ ဆုံးဖြတ်လိုက်တယ်။
ဒါပေမယ့် စားပွဲခုံပေါ်ကို သူမှောက်အိပ်မယ်ဆိုမှ၊ သူ သက်ပြင်းရှိုက်လိုက်မိတယ်။
သူ့ပါးတခြမ်းမှာ ဒဏ်ရာရထားတာလေ။ စားပွဲခုံမာမာကြီးပေါ်မှ သတိလက်လွတ်နဲ့ မျက်နှာမှောက်အိပ်မိတော့၊ သူ အသည်းှတဆက်ဆက်တုန်အောင် နာကျင်သွားတယ်။ သူ အမြန်ပဲ ပုံစံပြောင်းလိုက်ပေမယ့်၊ သူ့လက်ကောက်ဝတ် အရိုးက သူ့နှုတ်ခမ်းထောင့်ကို သွားထိုးမိတော့ နာကျင်သွားပြန်တယ်။ ဒါပေမယ့် BaiLuoYinက အကြောမာတယ်။ သူ့မျက်တောင် တချက်မခတ်ဘူး။ နာကျင်မှုကို အံကြိတ်ခံနေတယ်။
ထင်ထားသလိုပဲ၊ BaiLuoYinရဲ့လှုပ်ရှားမှုတိုင်းကို GuHai မျက်ခေမြပျက်ဘူး။
BaiLuoYin လှုပ်လိုက်တဲ့အချိန်တိုင်း၊ Guhaiရဲ့နှလုံးသွေးတွေ ရပ်သွားတော့မတတ် ဖြစ်နေတာ။ ဒါပေမယ့်လည်း ဒီကောင်လေးက တကယ်အကြောမာသကိုး! နောက်ဆုံးတခေါက် သူ့အဖေ သူ့ကို ပတြင်းပေါက်ကနေ ပစ်ချမယ်လုပ်တုန်းကတောင်၊ သူ အလျော့မပေးခဲ့တာ။ ဘာကိစ္စ အခုလိုကိစ္စသေးသေးလေးကို ရေးကြီးခွင်ကျယ်လုပ်နေရဦးမှာလဲ? တကယ်လို့ BaiLuoYinတောင် နာကျင်လျက် အေးအေးဆေးဆေးနဲ့ မှောက်အိပ်နိုင်သေးတာပဲ၊ သူက အနောက်စားပွဲခုံကနေ အခုလို အသေးအမွှားကိစ္စအတွက် မခံရပ်နိုင်ဖြစ်စရာ လိုဦးမှာလဲ?

End of Chapter 58

Are you addicted?Book-1 (Myanmar Translation )Where stories live. Discover now