Chapter 88- ရှက်ဖွယ်အတိ!

2.4K 206 13
                                    

Chapter 88- ရှက်ဖွယ်အတိ!

FangFei ဟာ ရုံးအဆောက်အဦးထဲက အထွက် GuHaiရဲ့ကား ရပ်ထားတာကို သူမ တွေ့တယ်။

GuHaiကို သူမ လက်ပလြိုက်တယ်။

GuHaiက ပြုံးပရြင်း ကားမှန်ဖွင့်လိုက်တယ်။

( နင်နဲ့ မတွေ့ရတာတောင် အတော်ကြာသွားပြီ။ ဒီရက်ပိုင်း နင် ဘယ်တွေလှိမ့်နေတာလဲ?) FangFeiက ကားတံခါးဖွင့်ပြီး ဝင်ထိုင်ရင်း ပြောတယ်။

( ကျွန်တော် ဘယ်မှမသွားဘူး။ အိမ်ရယ် ကျောင်းရယ်။ ကျောင်းရယ် အိမ်ရယ်ပဲ)

( အိမ်ပြန်တယ်?) ရုတ်တရက်ကြားလိုက်ရတော့ FangFei အံသသြွားတယ်။

( ဒီတော့ သားအဖနှစ်ယောက်ကြားက စစ်အေးတိုက်ပွဲ အဆုံးသတ်သွားပြီဆိုတဲ့ သဘောပေါ့)

( ကျွန်တော်က အဲ့ဒီအိမ်ပြန်တာ မဟုတ်ဘူး)

( နင် ပြောင်းနေတဲ့ အိမ်အသစ်မှာပဲ နေနေတုန်းလား?)

GuHai ပြုံးရုံသာပြုံးနေပြီး အခြားဘာမှ ပြန်မပြောခဲ့။

FangFeiက GuHaiကိုစိုက်ကြည့်လျက် ( အခုတလော နင် အခေအြနေကောင်းနေပုံရတယ်။ နင့်ကြည့်ရတာ ကျိတ်ပျော်နေတဲ့ပုံကြီး...)

( ဘာအခေအြနေတွေများ ကောင်းစရာ ကျွန်တော့်မှာရှိလို့လဲ?) GuHaiက ကားစတီယာရင်ပေါ် လက်ချောင်းတွေနဲ့ စည်းချက်မှန်မှန် ခေါက်နေပြီး ( လက်တလော ကိစ္စတခုကြောင့် ကျွန်တော်ခေါင်းရှုပ်နေလို့!)

FangFeiရဲ့မျက်နှာထားက စိုးရိမ်ပုံပေါက်လာတယ်။ ( နင် ငါ့ကိုလာရှာတာ၊ အကူအညီတောင်ဖို့တော့ မဟုတ်ပါဘူးနော်? နင် ငါ့ဆီလာရင် ဘယ်တော့မှ ကောင်းတဲ့ကိစ္စမရှိဘူးဆိုတာ ငါသိနေတယ်)

( မဟုတ်ပါဘူးဗျာ) GuHaiက ပြတ်ပြတ်သားသားပြောတယ်။ ( ကျွန်တော် အစ်မနဲ့ အချစ်ရေးကိစ္စ တိုင်ပင်ချင်လို့ )

( အချစ်ရေး ဟုတ်လား?) FanFeiရဲ့အမူအရာမှာ မယုံသင်္ကာဖြစ်တဲ့ အရိပ်အယောင် စွက်နေတယ်။ ( ဂျင်လုလု မင်းကို ပြန်လာရှာလို့လား?)

( အခုကိစ္စနဲ့ ဂျင်လုလု နဲနဲလေးမှ မပတ်သတ်ဘူး)

( ကြည့်စမ်း၊ ငါကတော့ လုလုတစ်ယောက်တည်းသိတာပဲ။ မင်း ကိုယ့်သိက္ခာနဲ့ကိုယ် နေပါဦး။ သူမက အရမ်း...)

Are you addicted?Book-1 (Myanmar Translation )Where stories live. Discover now