PART - ( 34 )

1.3K 128 8
                                    

Unicode

             Lisa နဲ့ Jane တို့ အတူပြန်လာတဲ့လမ်းတစ်‌ေလျှာက်လုံး စကားမပြောဖြစ်ခဲ့
ကြ။ ညနေစောင်းအချိန်လေးမှာ လမ်းအတူ
လျှောက်လာပြီး အတွေးကိုယ်စီရှိ‌ေနတဲ့
သူတို့နှစ်ယောက်ကြား တိတ်ဆိတ်ခြင်း
တစ်ခုကသာ ကာခြားထားသည်။

      သူတို့အိမ်ရှိတဲ့ လမ်းထဲကို ချိုးဝင်လာပြီး
အဲ့တိတ်ဆိတ်ခြင်းကို စဖြိုခွဲလိုက်တာက Jane ...

" Lisa တောင် အများကြီး ပြောင်းလဲသွား
   တယ်နော်.."

            Jane စပြောလာတဲ့ စကားကို Lisa
က ကြားတော့ Jane ကို တစ်ချက်ကြည့်ပြီး
ပြုံးလိုက်ကာ

" ဟုတ်လား.."

" အင်း..."

       Jane က ခေါင်းညိတ်လာရင်း တစ်ဆက်
တည်းနဲ့

" Jane .. နည်းနည်းစပ်စုလို့ရမလား...
   Lisa အခုလို အများကြီးပြောင်းလဲသွား
   တာကိုလေ.."

          Lisa က Jane မေးလာတာကို စဉ်းစား
ပြီး နှုတ်ခမ်းလေး အပေါ်အောက်သပ်ရင်း

" အဲ့တာက .. အင်း ..ပြောရရင်တော့
   အများကြီးပဲ...
  အရာအားလုံးကြောင့်လို့ ပြောလို့ရပါတယ်"

          Jane က လျှောက်ရင်း Lisa ပြောတာကို နားထောင်နေသည်။

" အဓိကကတော့ မင်းကြောင့်ပေါ့..."

    Jane နားထောင်နေရင်း အဲ့လိုကြားရတော့
ဘေးက Lisa ကို ထပ်မော့ကြည့်မိသည်။
Lisa ကလည်း Jane ကို အပြုံးမျက်နှာနဲ့အတူ လေးနက်တဲ့ မျက်လုံးတစ်စုံနဲ့ သေချာစိုက်ကြည့်နေသည်။

         Jane မှာ Lisa ဆီက အဲ့လိုအကြည့်ခံရ တော့ ရင်တွေတောင် ပိုခုန်လာသည်။

Lisa အနားမှာ ဒီတိုင်း ရှိနေရရင်တောင်
Jane  ရင်ခုန်သံတွေက အဆက်မပြတ်
ဖြစ်နေတာ..
အခုလို Lisa ဆီက စိုက်ကြည့်ခံနေရတော့ Jane ရင်ခုန်သံတွေ ဝုန်းဒိုင်းကျဲနေတာ
မဆန်းကျယ်တော့။

____

           လမ်းမကြီးရဲ့ အလယ်မှာ ရပ်နေတဲ့
သူတို့နှစ်ယောက်ကြား ဆက်သွယ်မှုက
တစ်ယောက်ကို တစ်ယောက်ကြည့်ရင်းနဲ့ပဲ
ပြန်တိတ်ဆိတ်နေသည်။ အဲ့တာကိုပဲ Lisa က ခါးလေးကိုင်းပြီး Jane မျက်နှာနားကို
သူ့မျက်နှာလေး ကပ်လာကာ

ချစ်တာလား .. သနားတာလား ? / Is It Love or Pity ?  ( Jenlisa & Chaesoo ) CompletedWhere stories live. Discover now