PART - ( 37 )

1.4K 137 14
                                    

Unicode

"  KJ Group ဆိုတာ ကြားဖူးနေတာ
   ကြာပေမဲ့ အခုမှပဲ သေချာမြင်ဖူးတော့
   တယ်.."

         Somi က လျှောက်လာရင်း သူ့ဘေးက
အဖော်ဖြစ်တဲ့ အမျိုးသမီးကို ပြောလိုက်သည်။

          Somi တို့ အလုပ်လုပ်တဲ့ ရုံးကနေ စာရွက်စာတမ်းတစ်ချို့ကို KJ Group ဆီ တိုက်ရိုက်သွားပို့ဖို့ အကြောင်းဖြစ်လာတော့ ရောက်လာခဲ့ခြင်းပင်။ စာရွက်စာတမ်းတွေပါတဲ့ ပါဆယ်ဘူးကို  KJ ထဲက ပို့ရမယ့် ဌာနမှာ သွားပေးခဲ့ပြီး ပြန်ဖို့ ထွက်လာခဲ့ကြသည်။

" KJ ရဲ့ အတွင်းပိုင်းက တော်တော် ခမ်းနား
  တာပဲ.. Korea မှာ No.1 ဖြစ်နေတာလည်း
  မဆန်းဘူးဟ..
  ဒီလိုနေရာမျိုးမှာ အလုပ်ရတဲ့သူတွေက
  တော့ ကံကောင်းတာပဲ.."

        Somi က သူ့အဖော်အမျိုးသမီး ပြောတဲ့စကားကို ထောက်ခံခေါင်းညိတ်ပြီး

" အေးဟာ..ငါတောင် တွေးမိသေးတယ်
   ငါ့တူမလေးလည်း တစ်ချိန်ကျရင် ဒီလို
   နေရာမှာ အလုပ်လေး ရရင် ကောင်းမယ်.."

" နင့်တူမက အခု တက္ကသိုလ်ကျောင်းသူ
   ပဲ ရှိသေးတာ မလား.."

" အင်း..ငါ့တူမက လိမ္မာ‌ပါတယ်ဟာ ...
   ငါ တစ်ယောက်တည်း အလုပ်လုပ်ပြီး
   ပင်ပန်းနေတာကို မကြည့်ရက်လို့တဲ့..
   သူလည်း အလုပ်လုပ်ချင်ပြီတဲ့..

   အခုလည်း ကျောင်းတတ်ရင်း အချိန်ပိုင်း
   အလုပ်အနေနဲ့ Cafe တစ်ခုမှာ သူဝင်လုပ်
   နေတယ်.."

" အင်း..သူကျောင်းပြီးလို့ ဘွဲ့ရပြီးရင်တော့
   အလုပ်ကောင်းကောင်းတစ်ခု ရလောက်ပါ
   တယ်..
   နင်လည်း ဒီတူမ တစ်ယောက်ရယ်
   အလုပ်လုပ်တာရယ်နဲ့ အိမ်ထောင်ပြုဖို့
   ပိုပြီး ဝေးပြီပေါ့.. Somi ရာ "

       Somi က ရယ်လိုက်ပြီး

" ငါက Jane ကို ပြုစုပျိုးထောင်ဖို့ ရွေးချယ်
   ပြီးခဲ့ကတည်းက အိမ်ထောင်ပြုဖို့
   ကို အလိုလို စွန့်လွှတ်ထားပြီးသားပါ.."

" အေးပါဟာ .."

      သူတို့ နှစ်ယောက်သား စကားပြောရင်း
လျှောက်လာခဲ့ကြသည်။

___

             Company ရှေ့ကားရပ်လိုက်တာနဲ့
အစောင့်က ကားတံခါး လာဖွင့်ပေးတာ
‌ေကြာင့် Jihyo ဆင်းလာခဲ့သည်။

ချစ်တာလား .. သနားတာလား ? / Is It Love or Pity ?  ( Jenlisa & Chaesoo ) CompletedWhere stories live. Discover now