Ep(7){zawgyi}🐶

131 10 2
                                    

ကျွန်​​တော်​​ယောကျာ်းတစ်​​ယောက်​ကိုချစ်​​နေမိတယ်​ep(7)

နေ​ရောင်​ခြည်​နုနု​လေးကိုကျွန်​​တော်​ခံစားမိတယ်​...
မနက်​ခင်းရဲ့အ​ငွေ့သက်​ကိုရ​နေပြီဖြစ်​တာ​ကြောင့်​ မျက်​လုံးဖွင့်​ကြည့်​လိုက်​​တော့ပြတင်း​ပေါက်​က​နေတစ်​ဆင့်​မြင်​​နေရတဲ့ ကြည်​လင်​လှတဲ့မိုး​ကောင်းကင်​၊တစ်​တီတူး​နေတဲ့​ကြေးငှက်​​မောင်​နှံတို့ရဲ့အသံ...

ဘေးဘက်​ကိုကြည့်​လိုက်​​တော့ဖြူစင်​စွာအိပ်​​မောကျ​နေတဲ့အရန်​...သိပ်​ကို​ချောတဲ့အရန်​အပြစ်​​ပြောစရာမရှိတဲ့မျက်​လုံး၊မျက်​ခုံး၊နှာတံကအစသိပ်​ကိုပြီးပြည့်​စုံလွန်းသည်​...ငယ်​ငယ်​ကတည်းကအ​ပေါင်းသင်းမရှိတဲ့ကျ​နော်​ကအရန့်​ကိုညီ​လေးတစ်​​ယောက်​လိုခင်​တွယ်​မိသည်​...

*တကယ့်​က​လေးလိုပဲ​ဒေါသအိုး​လေးမင်းသာမိန်းမရရင်​အဲ့မိန်းမ​တော်​​တော်​ကိုသည်းခံရလိမ့်​မယ်​ထင်​ရဲ့*

အချိန်​ကိုကြည့်​လိုက်​​တော့မနက်​ခုနှစ်​နာရီရှိ​ချေပြီအမှန်​ဆိုငါးနာရီ​လောက်​နိုးရမှာမှန်​​ပေမယ့်​မ​နေ့ကအရန်​နဲ့စကား​တွေအများကြီး​ပြောရင်း ညနက်​ခဲ့ကြသည်​​လေ...အရန်​ကဧည့်​သည်​ဖြစ်​တာ​ကြောင့်​အိပ်​​ရေးဝ​အောင်​အိပ်​​စေရန်​အတွက်​မနိုးဘဲတိတ်​တိတ်​​လေးထွက်​ခဲ့​တော့သည်​...

အိမ်​​အောက်​​ရောက်​​တော့ဆံပင်​ရှည်​ကိုနှစ်​ခွစည်းပြီးသနပ်​ခါးပါးကွက်​ကြားနဲ့ဝမ်းကွဲညီမစုစု​သွေးကို​တွေ့ရတယ်​...

"ကို​လေးနိုးလာပြီလားကို​လေးသူငယ်​ချင်း​ရော''
"ကျွန်​​တော်​လည်းနိုးပါပြီဗျာ''

ပြန်​​ဖြေချိန်​​တောင်​မရလိုက်​ဘဲဝင်​​ဖြေသွားတဲ့အရန်​...

"​အော်​အရန်​နိုးပြီလားငါကမင်းကိုအိပ်​ပါ​စေအုန်းဆိုပြီးမနိုးဘဲထားခဲ့တာ''
"ရပါတယ်​အကိုရာဧည့်​သည်​ဆိုးကြီးမလုပ်​ချင်​ပါဘူး''

စု​သွေး-''စကား​လေးဖြတ်​​ပြောလိုက်​အုန်းမယ်​ကို​လေးတို့အတွက်​လက်​ဖက်​ရည်​နဲ့​ကောက်​ညှင်း​ပေါင်းပြင်​ထားတယ်​''
"ဦး​လေးနဲ့အ​ဒေါ်​ရော''
စု​သွေး-"ဦး​လေးကဒီအချိန်​ဆိုဘုန်းကြီး​ကျောင်းမှာ​ဝေယျဝစ္စသွားလုပ်​​နေကျအ​ဒေါ်ကခုနကမှရွာထဲသွားတာ''
"​အော်​''
စု​သွေး-"ကို​လေးတို့မျက်​နှာသစ်​သွားတိုက်​ဖို့အတွက်​စုစုတို့ပြင်​​ပေးထားတယ်​မျက်​နှာသွားသစ်​ပြီးမုန့်​လာစားကြ''
"ဟုတ်​ပါပြီဗျာငါ့ညီမက​တော်​​တော်​သွက်​လာတယ်​လာအရန်​မျက်​နှာသွားသစ်​ရ​အောင်​''
"ဟုတ်​''

ကျွန်တော်ယောကျာ်းတစ်ယောက်ကိုချစ်နေမိတယ်(ongoing)Where stories live. Discover now