💔 SECRET 💔 part 4

248 28 0
                                        

"သားငယ် ဘာတွေပြုံးနေတာလဲ"

ထမင်းစားရင်းအမေကမေးလေသည်။

"ဟုတ်တယ်jung kookမင်းအပြင်ကပြန်လာကတည်းကပြုံးနေတာ ဘာလဲတစ်ခုခုဖြစ်လာလို့လား ဆေးခန်းသွားပြမလား"

ဂျင်ဟျောင်းပြောမှပြန်စဥ်းစားမိသည်။‌ကော်ဖီဆိုင်ထဲကနေလုံးလုံးနဲ့ထွက်သွားတဲ့‌သေးသေးလေးကိုကြည့်ပြီးပြုံးနေမိတာ။ဘာလုပ်လုပ်‌ပြုံးနေမိတာကိုယ်တိုင်လည်းသတိထားမိပေမဲ့။အမှတ်တမဲ့နေလိုက်တာ။

"သားငယ်"

"ဗျာ အဖေ"

"ဘာတွေးနေတာလဲ နေမကောင်းကလား"

"အဟမ်း မဟုတ်ပါဘူးအဖေ ဒီနေ့MOCHIနှင့်စာချုပ်ချုပ်တာအဆင်ပြေလို့ပျော်သွားလို့ပါ"

MOCHIကြောင့်လားmochiနဲ့တူတဲ့ကောင်လေးကြောင့်လားဆိုတာတော့jeon jung kookဘဲ့သိပါလိမ့်မယ်။

"အင်း အဖေလည်းဝမ်းသာတယ် အဲလိုကုမ္ပဏီကြီးနဲ့တွဲအလုပ်လုပ်ရတော့အဖေလည်းနာမည်ရတာပေါ့ အမှားမရှိအောင်တော့သတိထားပါသားငယ်"

"ဟုတ်ကဲ့အဖေ သားအကောင်းဆုံးလုပ်မှာပါ"

အဖေကခေါင်းငြိမ့်ပြီးပြုံးကာထမင်းသာဆက်စားနေသည်။ အမေကလည်းအဖေပြောတာထောက်ခံကာခေါင်းအသာငြိမ့်ပြီးထမင်းသာစားနေသည်။မူမမှန်တာကဂျင်ဟျောင်း။ထမင်းသာစားနေတာအာရုံကအခြားရောက်နေ၏။

ဒါနဲ့ဂျင်ဟျောင်းလည်ပင်းကဆွဲကြိုးကအသစ်လား။ငါတစ်ခါမှမမြင်ဖူးပါဘူး။ဂျင်ဟျောင်းကနားကပ်တွေ အခြားဖန်စီတွေသာဝတ်ချင်ဝတ်မယ်။လည်ဆွဲတော့လုံးဝမဝတ်ပါ။အဖေနဲ့အမေကအတင်းဝတ်ခိုင်းရင်တောင်ရှုပ်တယ်ဆိုပြီးငြင်းတဲ့သူ၊ဒီလည်ဆွဲကဘယ်သူ့ဟာမို့လဲ။ထားပါလေငါမရှိတုန်းအကြိုက်ပြောင်းသွားတာနေမှာပေါ့။ရိုးရိုးသာတွေးပြီးထမင်းဆက်စားနေလိုက်၏။

"Yrr Park Jimin! ဒီမှာ"

ကိုယ့်ကိုတွေ့တော့ပြေးလာတဲ့ချစ်သူငယ်ချင်းလေး။

"Sorry soonbinငါနောက်ကျသွားတယ်"

"အချိန်ကိုလည်းကြည့်ဦးညနေကတည်းကလာခိုင်းတာလေ အခုညတောင်ရောက်သွားပြီ"

💔SECRET 💔Wo Geschichten leben. Entdecke jetzt