💔 SECRET 💔 part 5

236 27 0
                                        

ဒေါက်💢 ဒေါက်💢 ဒေါက်💢

"ဝင်ခဲ့ပါ"

ခွင့်ပြုသံကြား၍အထဲကိုဝင်လိုက်တော့MDစားပွဲကိုကြည့်တော့လူမရှိဘူး အဲတာနဲ့နံဘေးပတ်ကြည့်တော့မှတွေ့တဲ့အသေးလေး။

စာရွက်တစ်ရွက်ချင်းလှန်ပြီးဟိုဖက်နဲ့ဒီဖက်ကြည့်နေတာခေါင်းတောင်မဖော်ဘူး။

"ဒီမှာHANDSOMEကလာတာပါ ဘူးခွံလာပြတာ"

"MDမရှိဘူး ခနစောင့်လိုက်ပါဗျ တကယ်လို့အချိန်မရဘူးဆိုရင်ထားခဲ့ပါကျတော်တို့HANDSOMEဆီလာခဲ့ပါ့မယ်ဗျ"

ဧည့်သည်ကိုမကြည့်ဘဲခေါင်းစိုက်ပြီးပြောနေတဲ့အသေးလေးကိုကြည့်ပြီးစိတ်အချဉ်ပေါက်လာ၏ ။
ဘူးခွံအရောင်ရွေးပြီးသွားမှသူတို့ဆက်လုပ်လို့ရမှာစောင့်ဆိုလည်းစောင့်လို့ရပါတယ်။

ဒီအသေးလေးပြောနေတဲ့ပုံစံကတစ်ဖက်ကိုမလေးစားရာကြနေတယ်မဟုတ်လား။အလုပ်ဘယ်လောက်များများပါတစ်ချက်ကြည့်ပြီးပြောတာပင်ပန်းတာမှမဟုတ်တာ။

ထိုင်စောင့်နေလိုက်ပါတယ်MDစားပွဲရှေ့ကခုံလေးမှာ၊တစ်ချက်တစ်ချက်အလုပ်ရှုပ်နေတဲ့အသေးလေးကိုကြည့်မိပါတယ်၊ဖိုင်နှစ်ခုကစာရွက်ကိုဟိုဖက်ကြည့်လိုက် ဒီဖက်ကြည့်လိုက်၊ဟိုဖက်လှန်လိုက် ဒီဖက်လှန်လိုက်၊တခါတခါနဂိုရဲရဲလေးရှိတဲ့နှုတ်ခမ်းဖူးကအရှေ့ကိုထော်လာတာနဲ့ဒီအသေးလေးကတကယ်ချစ်ဖို့ကောင်းတဲ့ခလေးပါ။

"ဒီမှာ MDကဘယ်သွားလဲ ပြန်လာတော့မှာလား"

"ဘယ်သိမလဲ သူ့ကိုယ်မှာGPSတပ်ထားတာမှမဟုတ်တာ"

"ဖြေးဖြေးပြောပါကွာ ဒေါသကြီးလိုက်တာ ဒါကြောင့်ဒေါသတွေနဲ့ပိနေလို့အသေးလေးဖြစ်နေတာ"

"ဘာ! ခင်များးး"

မနက်ကတည်းကကိုယ့်အလုပ်နဲ့ကိုယ်မအားတဲ့ကြားထဲtaemin hyungကဖုန်းလာလို့ထွက်သွားတာမကြာလိုက်ဘူး စာရင်းစစ်ပေးပါဆိုပြီးMDကိုလာရှာလို့ထားခဲ့ပြောလည်းမရ၊ဒီနေ့အပြီးစစ်ရမှာဘာညာနားပူ နားဆာလုပ်နေတာနဲ့ကိုယ်ကဘဲ့ယူပြီးစစ်ပေးနေတာထမင်းစားချိန်ရောက်တော့မယ်အခုထိမပြီးသေးဘူး။

💔SECRET 💔Tempat cerita menjadi hidup. Temukan sekarang