အပိုင်း (၁၀)
-ဘောလုံးလေးက ချွဲတတ်တယ်-
"အသားစွပ်ပြုတ်ကို သတိရလိုက်တာ"
ဂျီမင်းက ဂူဝမှာ ငုတ်တုတ်ကလေးထိုင်ရင်း တီးတိုးလေး ညည်းညူလိုက်သည်။ အမှန်ပဲ။ သူ တကယ်ကို မနက်တိုင်း ယွန်းဂီဟျောင်းလုပ်ပေးတဲ့ အသားစွပ်ပြုတ်ကို သတိရနေတာ။
ဒီရက်ပိုင်းတွေအတွင်း ယွန်းဂီဟျောင်းက မအားဘူးဆိုကာ ဂူဆီကိုလည်း မရောက်ဖြစ်တာမို့ ဂျီမင်းအတွက်တော့ အငတ်ဘေးဆိုက်နေသလိုပါပဲ။ စားနေကျ အစားအသောက်ကောင်းလေး မစားရတဲ့အခါ ဘဝက မပြီးပြည့်စုံပြန်ဘူး။
ထယ်ယောင်းကိုလည်း ယွန်းဂီလုပ်ပေးတဲ့ အသားစွပ်ပြုတ်က မည်မျှကောင်းကြောင်း အမွှန်းတင်ထားပြီးကာမှ ဒီနေ့ဒီရက်အထိ အနံ့လေးတောင် မရှူရတာက လေထွားထားတဲ့ သူ့ကို ငပေါကြီးတစ်ယောက် ဖြစ်သွားစေတဲ့အပြင် အဓိကဇာတ်ကောင်အနေနဲ့လည်း အရမ်းရှိုးပဲ့ရာကျလွန်းတယ်။
ဘောလုံးလေးသည်လည်း အသားစွပ်ပြုတ်ဟုသာ တဖွဖွရွတ်နေသည့် ဖေကြီးသေးသေးလေးကြောင့် စိတ်ထဲမကောင်း။ နှစ်ယောက်တည်းရှိနေရင်သာ ကုလားသေ ကုလားမော အိပ်တတ်သည့်လူကြောင့် မနက်တိုင်း အေးအေးလူလူ အသားစွပ်ပြုတ်ချက်ကာ ပြင်ထားပေးလို့ရပေမဲ့ ထယ်ယောင်းဆိုသူ ရှိလာသည့်အခါ နည်းနည်းလေးတောင် ခြေချော်လက်ချော် ဖြစ်သွားလို့မရပါ။
"မင်းဟာက ဘယ်လောက်ကောင်းလို့ အဲ့လောက်ဖြစ်နေတာလဲ"
ထယ်ယောင်းက လက်ပိုက်လျက် ဂူနံရံကိုမှီကာ ရပ်နေရင်းက နားကြားပြင်းကတ်စွာ မေးခွန်းထုတ်လာသည်။ မနက်လင်းတိုင်း ဂျီမင်းက အသားစွပ်ပြုတ်မစားရတာမို့ စိတ်လွင့်နေသူတစ်ဦးလို ပြုမူနေသည်မှာ မျက်စိစူးဖွယ် အတော်ကောင်းလှသည်။
"အသားစွပ်ပြုတ်စားချင်တယ်"
"ငါ လုပ်ပေးမယ်"
ထယ်ယောင်းက ဆံပင်ကိုတစ်ချက်ခါကာ ပြောလိုက်သည်။ ဂျီမင်းရဲ့ မျက်လုံးတွေက ထယ်ယောင်းရှိရာကို တစ်ချက်သာ လှမ်းကြည့်လာပြီး အရှေ့ကို ပြန်လှည့်သွားသည်။ နှစ်ပေါင်းများစွာ လည်ပင်းဖက်ပေါင်းကာ အတူနေလာကြသူတွေမို့ အကြည့်တစ်ချက်နဲ့တင် ဘာကိုပြောချင်မှန်း အလိုလို နားလည်ပြီးသား။ အဓိပ္ပါယ်မရှိတာတွေ မပြောစမ်းနဲ့ဆိုတဲ့အကြည့်။
YOU ARE READING
A for Alpha
Fanfictionတစ်ခါတုန်းက အောင်သွယ်တော်နဲ့ညားသွားတဲ့ ဇာတ်လမ်းတစ်ပုဒ်ရှိတယ်။