အပိုင်း (၂၀)
-အဆုံးသတ်တိုက်ပွဲစတင်ခြင်း-
သွေးနှောတို့ရဲ့ ချောင်းမြောင်းတိုက်ခိုက်ခြင်းကို ခံခဲ့ရသည့်ညက ယွန်းဂီနဲ့ထယ်ယောင်းတို့က ဦးဆောင်ကာ မျိုးနွယ်စုရဲ့ စစ်သည်တော်တွေနဲ့အတူ ခုခံတိုက်ခိုက်ရင်း ဘေးလွတ်ရာကို ခပ်မြန်မြန်ပင် ရှာဖွေကာ ပုန်းခိုခဲ့ရသည်။
မျိုးနွယ်စုရဲ့ အင်အားကြီးဖြစ်သည့် Alphaဂျောင်ဂုမရှိချိန်မှာ အငိုက်ဖမ်းကာ အလစ်ဝင်တိုက်ခံရတာမို့ တစ်ယောက်ယောက်က ကြိုတင်ကြံစည်၊ အကွက်ချထားတာကို ရိပ်မိပေမဲ့ ထယ်ယောင်းရော ယွန်းဂီပါ ဖွင့်မပြောဖြစ်ခဲ့ကြသေး။
ပျောက်ဆုံးနေသည့် သူငယ်ချင်းဖြစ်သူနဲ့ Alphaကို ဘယ်အရပ်၊ ဘယ်ဌာနမှာ သွားရောက်ရှာဖွေရမလဲဆိုတာကိုလည်း ကြံရာမရခဲ့။ ဤနည်းအားဖြင့် ရက်အနည်းငယ် ကြာမြင့်ခဲ့ပြီးနောက်တွင်တော့ မျိုးနွယ်စုရဲ့အင်အားကို ပြန်လည်စုဆောင်းနိုင်ခဲ့ပြီး ဂျီမင်းတို့ကိုလည်း စပြီးရှာဖွေဖို့ ပြင်ရတော့သည်။
မှော်ဆရာဂျင်ရဲ့ ပဉ္စလက်ဖန်လုံးကို အသုံးပြုကာ ပျောက်ဆုံးနေသည့်နှစ်ယောက်ကို ခြေရာခံကြည့်တော့ မြင်လိုက်ရသည့်မြင်ကွင်းကြောင့် မှော်ဆရာဂျင်နှင့် ယွန်းဂီမှအပ ကျန်နှစ်ယောက်ရဲ့ မျက်လုံးတွေက စကောလောက်ပင် ပြူးကျယ်သွားကြရသည်။
“ဒါ…ဒါက”
မျက်တောင်ပင်မခတ်နိုင်သူ ယဉ်းမိန်းကလေးခမျာ စကားမဆုံးခင်မှာပဲ သတိလစ်ကာ လဲကျသွားခဲ့သည်။ ထိုအခါ အကုန်လုံး ပြူးပြူးပြာပြာဖြစ်သွားရပြီး ဖန်လုံးထဲကိုကြည့်လိုက်တော့လည်း ဘာမှမသိသည့်နှစ်ယောက်က မိုးမမြင်လေမမြင် အကြင်နာတွေပေးလို့ကောင်းနေဆဲ။
“ပိတ်လိုက်တော့လေ!”
မေ့မြောသွားသူ ယဉ်းမိန်းကလေးကို ပွေ့ချီထားသည့် ထယ်ယောင်းက ဖန်လုံးဆီက အကြည့်မလွှဲသေးသည့် မှော်ဆရာကို လှမ်းဟောက်လိုက်သည်။ ဘယ်လိုပဲဖြစ်နေပါစေဦးတော့ လည်ပင်းဖက်ပေါင်းလာခဲ့သည့် သူငယ်ချင်းဆိုရင်တောင်မှ ဒါကြီးက ဘယ်နည်းနဲ့မှ ဆက်ကြည့်ဖို့မသင့်တော်ဘူးမလား။
YOU ARE READING
A for Alpha
Fanfictionတစ်ခါတုန်းက အောင်သွယ်တော်နဲ့ညားသွားတဲ့ ဇာတ်လမ်းတစ်ပုဒ်ရှိတယ်။