Part 1

4.7K 186 3
                                    

                         ရှိုင်းဘုန်းမြတ်
                      ( System 0058 )

{System Zone ထဲသို့ရောက်လာခြင်း}

ခေါင်းမူးပီးဝေဝေဝါးဝါး​ဖြစ်နေသည်.....
မျက်လုံးဖွင့်ကြည့်လိုက်တော့ သူနဲ့ရင်းနီး
မှုမရှိတဲ့နေရာ၁ခု....ခုသူရောက်နေတဲ့နေရာ
အပြင်ဘက်ကို ကြည့်မယ်ဆိုလျှင်အာကာသလိုပဲကြယ်တာရာများနဲ့ စက်ဝိုင်းလိုဝိုင်းစက်နေတဲ့ပုံစံကိုမြင်နေရသည်...ဘေးနားမှအနီရောင်တိမ်လို အငွေ့လေးများဖုံးလွှမ်းထားသည်.....သူ့ရှေ့လေပေါ်တွင်လည်း
ကြောင်၁ကောင်ဝဲနေသည်....သူရောက်နေတဲ့နေရာက အခန်းတခန်းလိုပေမယ့်..အောက်
ခြေကြမ်းပြင်ကော ဘေးပတ်ပတ်လည်ကော
အပြင်ကိုမြင်ရသော မှန်များသာကာထားသည်...​​ ဘာမြေပြင်မှမရှိတဲ့အောက်ကိုပြုတ်ကြတော့မယ့် အတိုင်းပင်...သူထူးထူးဆန်းဆန်းတော့မဖြစ်သွားပေ သူကသေပီးသားလူလေ...သူမှန်းတာမမှားရင် သူရောက်နေတာ ငရဲတော့မဟုတ်ပေ..

သူရုတ်တရက်လမ်းသွားရင်းကားတိုက်ခံရ၍
သေသွားတာ.... မမျှော်လင့်ထားတာကအသံတစ်သံကြားလိုက်ရပီး ဒီကိုရောက်လာတာပဲ
"System နဲ့ချိတ်ဆက်မှုအောင်မြင်ပါပီ"ဆို
သောအသံပေါ့....'ငရဲမဟုတ်မှတော့ အဲ့အသံ
ထဲကSystemဆိုသောနေရာလား...?'သူတွေးလိုက်သည်...
*တင်းတောင်*
System [ Host ထင်တာမမှားပါဘူး....
               System Zone မှကြိုဆိုပါတယ်...
             ကျနော်က System 0058 ပါ]

ဒီနေရာကိုရှိုင်းစူးစမ်းနေရင်း......ရုတ်တရက်ကြားလိုက်ရသော အသံကြောင့် ရှိုင်းအသံကြားရာလိုက်ကြည့်တော့....သူ့အပေါ်ကကြောင်ဆီက ဆိုတာသိလိုက်ရသည်...

"ဒါဘယ်နေရာလဲ? ငါဘာကြောင့်ရောက်လာတာလဲ?မင်းကကောစကားပြောတဲ့ကြောင်လား..?"ရှိုင်းမေးခွန်းတွေသာမေးနေမိသည်...
ဘသူမဆိုမေးမိမှာအမှန်ပင်....

System [ဒါကစောကပြောခဲ့သလိုပဲ System zone ပါ....ကျနော်လဲခုမစ​ပြီးတာဝန်ထမ်းဆောင်ဖူးတာမို့ အများကြီးမသိပါဘူး....
Host သေပီးsystemနဲ့ချိတ်မိတာပါ ကျနော်
ကကြောင်မဟုတ်ပေမယ့်...အဆင့်နိမ့်သေးလို့
လူပုံမရသေးတာပါ.... ပီးတော့.....]
စသဖြင့်စိတ်ရှည်စွာရှိုင်းကိုအသေးစိတ်ရှင်းပြလေသည်.... (အားလုံးသိပီးသားမို့မရေးပေးတော့ဘူး..ပျင်းလို့😗)
ရှိုင်းSystem ​ပြောပြတာတွေကိုသေချာနားထောင်လိုက်ပီးနောက် သူနားလည်သွားသည်...

ရှိုင်းဘုန်းမြတ်(System 0058) Where stories live. Discover now