( Arc-1) Part 7

1K 117 1
                                    

[ပိုင်ရန်ချင်း]

{ဗန်ပိုင်းယားသခင်ရဲ့ ကိုယ်ရံတော်လေး}

"ဘာလဲ ချန်ဖုန်း.."

"မင်းအလစ်တိုက်ရဲတယ်ပေါ့ "

ဂျက်စီကတော့ မုချန်ဖုန်းလက်က လွတ်လာလေပြီ..သူ့ကိုကယ်လို့ ဝမ်းသာပြီး ပျော်နေလေသည်..🙄 ထိုအချိန်မှာပဲ မုချန်ဖုန်းနဲ့
ရန်ဖုယွင် တစ်ယောက်နဲ့ တယောက် အပြန် အလှန် တိုက်ခိုက်နေလေသည်..ခနအကြာမုချန်ဖုန်းကသူ့ဓားနဲ့ ရန်ဖုယွင်ရဲ့ လည်ပင်းနားကို ထောက်လျက်သား အ​​ခြေအနေကို ရောက်သွားသည်..

"ဟက်.. မင်းဘာတတ်နိုင်သေးလဲ?"

"မင်းငါ့ကို မသတ်ရဲပါဘူး.."

"အေးမသတ်ဘူး! မသတ်ခင်အဲ့ကျောက် ဘယ်မှာထားလဲပြော! "

"ခန့်မှန်းလေ"

၂ယောက်သားအပြန်အလှန် စကားပြောနေတုန်းပိုင်ရန်ချင်း တိတ်တဆိတ် မုချန်ဖုန်းကို
လက်နက်ပုန်း အပ်သေးသေးလေးဖြင့် ပစ်လိုက်သည်..ရင်ဘက်ကို စိုက်သွားသည်
အပ်လေးပေမယ့် အတွင်းအား ပါသော
ကြောင့် ဆတ်ခနဲနာသွားပြီ ယိုင်နဲ့သွားသည်..
မုချန်ဖန်း ဖုယွင်ကို ထောက်ထားတဲ့ဓားက ပြေလျှော့လာသည် ထိုအချိန်မှာပဲ ဖုယွင်ကချန်ဖုန်းကို တချက်ကန်ထုတ်လိုက်သည်..

"သခင်..သွားကြသူတို့ကို ဖမ်း! "

ယွဲ့ယီရောက်လာခြင်းဖြစ်သည်..
မုချန်ဖုန်းရဲ့ အဖွဲ့သားတွေကို ဖမ်းလိုက်ပြီး..
မုချန်ဖုန်းကို ဝိုင်းထားသည်..​ပြေးရင်တောင်
မလွတ်နိုင်တော့ပေ..အစေခံတွေကိုလည်း လွှတ်ပေးပြီးပြီ​ဖြစ်သည် ဖုယွင် ပိုင်ရန်ချင်းဘက်လှည့်လိုက်ပြီး...

" ပိုင်လေးကူလို့ပေါ့.. "

"ဟား! ပိုင်လေးတဲ့လား "

"ချန်ဖုန်း! အညံခံလိုက်! "

"သေတောင် မခံဘူး! "

ပြန်အော်ပြောလေသည်..ရုတ်တရက် တနေရာလုံး အငွေ့များဖြင့် ပြည့်သွားပြီး
မူးနောက်ကာ အကုန်လုံးမေ့လဲကုန်သည်..

[ white ဒါ..]

ပြောရင်းတန်းလန်း သူပါလဲကျသွားသည်..

ရှိုင်းဘုန်းမြတ်(System 0058) Where stories live. Discover now