(Arc-1) Part 6

1.1K 120 0
                                    

[ပိုင်ရန်ချင်း]

{ဗန်ပိုင်းယားသခင်ရဲ့ ကိုယ်ရံတော်လေး}

"အာ! ကျွန်မကလေညှင်းခံရင်း လမ်း
လျှောက်ထွက်လာတာပါ.."

ယွဲ့ယီက သိပ်မယုံပေ မိန်းမသား၁ယောက်က
တောနက်ထဲကို လမ်းလျှောက်ထွက်လာ ရဲပါ့မလားသားရဲတွေ ဝိုင်းတာခံရလို့ပဲ သူမကို
ကယ်ထားရတာလေ..

"မင်းဟိုနေ့ကပဲ သားရဲတွေကြောင့် သေမလို
ဖြစ်ခဲ့တာကို မကြောက်ဘူးလား?"

ဂျက်စီရုတ်တရက်ဘာပြောရမှန်း မသိတော့ချေ..

"ဒါ..က..အာ!လုပ်စရာလေးရှိလို့ သွားနှင့်တော့မယ်!"

အလျှင်မြန်ပင် ပြောလိုက်ပီး ပြေးထွက်သွားသည်..ယွဲ့ယီကတော့ ကျန်ခဲ့လေသည်.. သူလုံးဝကို ဂျက်စီမရိုးသားဘူး ဆိုတာ ယုံကြည်လိုက်သည်..

ပိုင်ရန်ချင်းကတော့ whiteပြောပြလို့
အကြောင်းစုံကို သိလိုက်ပြီးပြီ..သူ
ရန်ဖုယွင်အနားက နည်းနည်း လေးမှခွာလို့
မရပေ..

"ပိုင်လေး~ ကိုယ်ပြစရာရှိတယ်.."

"ဘာပြမှာလဲ?"

"ကိုယ်နောက်လိုက်ခဲ့.."

လို့ဆိုကာ ပိုင်ရန်ချင်းလက်ကို ဆွဲပြီး
အိမ်တော်ရဲ့ ဘေးကအိမ်စုတ်လေးထဲကိုဝင်သွားပြီး..အခန်းတခန်းရှေ့ကို ခေါ်လာသည်..
အိမ်စုတ်ပေမယ့် အတွင်းပိုင်းကကျယ်ကြီးရှိသည်..ဒီအခန်းကို မှတ်ဥာဏ်ထဲမှာလဲ မတွေ့သလို white ကိုမေးတော့လဲ မသိဘူးပြောသည်..ဘာပဲဖြစ်ဖြစ် သူ့အနေက ရန်ဖုယွင်နဲ့ ဝင်လိုက်သွားရမှာပဲလေ..အထဲရောက်တော့ အခန်းကမှောင်နေပြီး အခန်းအလယ်မှာကျောက်စိမ်းရောင် အတုံးလေးကလှပစွာ
တောက်ပနေလေသည်...ပိုင်ရန်ချင်း အတော်
တန်ကြာတဲ့ထိ ငေးကြည့်နေပြီးမှ..

"ဒါဘာလဲ?"

" ကျောက်အရိုင်းတုန်းလေးပါပဲ "

"?? "

"အဲ့ကျောက်က စွမ်းအားကြီးတယ်..
လွန်ခဲ့တဲ့၁၀နှစ်ကျော်က ဒီကျောက်ကိုတွေ့ခဲ့
တယ် ကျောက်ကစွမ်းအားကြီးလို့ အရာအားလုံးကို ထိန်းချုပ်နိုင်စွမ်း ရှိတယ်..အဲ့
ကျောက်ကို ပိုင်ဆိုင်တဲ့လူက ချမ်းသားကြွယ်
ဝတယ် လူကိုလည်း စွမ်းအားကြီးစေတယ်..
အဲ့ကိစ္စကြောင့် လိုချင်သူတွေ များလာပြီး..
မျိုးနွယ်သုံးခု စစ်ဖြစ်ပြီး သေသွားတဲ့လူတွေ
တော်တော်များများ ရှိတယ်..ကျောက်က ဖျက်စီးလို့ မရလို့ဘသူမှ မသိအောင်ဖွက်ထားရတာ.. မထင်မှတ်ထားလောက်တဲ့
အခုလိုအိမ်စုတ်လေးထဲ မှာပေါ့.. "

ရှိုင်းဘုန်းမြတ်(System 0058) Where stories live. Discover now