21.Ways back home

747 44 0
                                    

ထောင့်ကျကျစားပွဲမှာထိုင်နေတဲ့ ချားလော့ထ်က တစ်ဆိုင်လုံးကမျက်လုံးတွေကိုဖမ်းယူထားသည်။ ပုခုံးကနေလက်မောင်းအရင်းထိလျှောချထားတဲ့ အနီရောင်ကိုယ်ကျပ်ဂါဝန်လေးနဲ့ ချားလော့်ထ်ကမြင်မိတဲ့လူတိုင်းကိုဆွဲဆောင်နိုင်အောင်လှနေလွန်းပါတယ် ။ ထိုစားပွဲဝိုင်းနားကို ဘယ်နှကြိမ်မြောက်မှန်းမသိအောင်ရောက်ရောက်လာတဲ့ စားပြဲထိုးကို ချားလော့ထ်ဆီအာရုံရောက်နေကြတဲ့စားသောက်ဆိုင်ကပုရိသတိုင်းမျက်မုန်းကျိုးနေကြမှာပါ။

"ဝိုင်လိုချင်သေးလားအစ်မလေး"

မျက်တောင်ရှည်ကြီးတွေနဲ့ဝန်းရံထားတဲ့ မျက်လုံးနီနီတွေကရီဝေစွာနဲ့စားပွဲထိုးလေးဆီ စိုက်ကြည့်လိုက်သည်။ နီညိုရောင်လက်သည်တွေနဲ့လက်ညိုးတစ်ချောင်းက စားပွဲထိုးလေးကိုအနားကိုလာဖို့အချက်ပြသည်။ မဝံ့မရဲနဲ့တိုးကပ်လာတဲ့စားပွဲထိုးလေးရဲ့ အကျႌလည်ပင်းစကိုဆွဲလိုက်ရင်း ညို့မှိုင်းမှိုင်းအနီရောင်ချယ်သထားတဲ့နှုတ်ခမ်းတွေကိုဖွင့်ဟလိုက်သည်။

"တို့ကိုကြည့်စမ်း...တို့လှရဲ့လား..."

"ခင်...ခင်ဗျာ..."

ချားလော့ထ် ကစားပွဲထိုးလေးကို သူနဲ့နီးသည်ထက်နီးအောင် ဆွဲကပ်လိုက်သည်။ မကောင်းမှုအားလုံးကို နိုးထလာအောင်ဆွဲဆောင်မှုရှိတဲ့မျက်နှာကနေ ကပိုကယိုကျနေတဲ့ဆံနွယ်တွေတစ်လျှေါက်ဆက်ကြည့်တဲ့အခါ သွယ်လျတဲ့လည်တိုင်ရှည်ရှည်ကိုပုလဲဆွဲကြိုးလေးနဲ့အနားသတ်ကာမြင်ရလိမ့်မည်။ ထိုတင်မရပ်တန့်နိုင်ပါက အနီရောင်အကျႌအောက်ကတစ်စွန်းတစ်စမြင်နေရတဲ့ ရင်သားတွေကအာခြောက်စရာကောင်းလွန်းနေလိမ့်မည်။ ခန္ဓာကိုယ်အောက်ပိုင်းကအစိတ်အပိုင်းတစ်ခုကိုထိန်းမရအောင်ဖြစ်စေလိမ့်မည်။

ချားလော့ထ်သည်ကယစ်မူးစရာကောင်းသည့်အလှမျိုးနှင့် တစ်ဖက်လူကိုစွဲလမ်းအောင်လုပ်နိုင်ပါသည်။ ညုတုတုအသံတိုးတိုးကစိတ်ကိုကယောက်ကယက်ဖြစ်စေသည်။

"တို့နားကို မင်းလာတာ၆ခါရှိပြီ"

"တို့ရင်သားတွေကိုစိုက်ကြည့်မနေနဲ့ ဒီကိုကြည့်ပြီးပြောစမ်း...တို့လှလား..."

DIARIES Part 2(Love Is...)Where stories live. Discover now