8.Story of cigarettes smoke

798 59 4
                                    

ဒီလူကြီးကအိပ်ပျော်နေတာတောင် ကြည့်ကောင်းနေတုန်းပဲလို့အန်ထ့်သဘောကျစွာတွေးမိသည်။ ခင်ဗျားမျက်နှာပေါ်ကနေရောင်ခြည်လေးကိုတောင်မနာလိုဖြစ်ပြီးမုန်းရတဲ့အထိ ခင်ဗျားကိုကျွန်တော်ချစ်တာ၊ ခင်ဗျားရဲ့အရာရာကိုကျွန်တော်ပဲပိုင်ချင်တဲ့အထိကျွန်တော်ကအတ္တကြီးတယ်။ မနက်တိုင်းသူ့ဘေးမှာနိုးခွင့်ရဖို့ဘာမဆိုလုပ်မိမှာပဲ...။ နေ့တိုင်းအတူရှိနေရတာတောင် အတူမကုန်ဆုံးရတဲ့နာရီတွေနဲ့ရန်ဖြစ်ချင်သေးတာ။

အန်ထ်ခေါ်ခွင့်ရတဲ့နာမ်စားလေးက...ကိုကိုတဲ့...။ ဒီလူကြီးသိပ်အချွဲကြိုက်သည်။ အဲ့ဒီ့နာမ်စားလေးကိုရူးလောက်အောင်မြတ်နိုးမိတာလည်း အန်ထ့်ကိုယ်တိုင်ပါပဲ..။

ကိုကို.. ကိုကို.. ကိုကို..

ကိုကို့ရင်ဘက်ကိုနမ်းလိုက်တော့ညည်းသံတိုးတိုးနဲ့ကိုကိုနိုးလာသည်။

"အင်း...ကလေးဘယ်နှနာရီရှိပြီလဲ"

"၆နာရီထိုးပြီ.."

ရင်ခွင်ထဲတိုးဝင်လာတော့ကိုကိုကအန့်ထ့်ကိုသူ့ပေါ်ကပြုတ်ကျမသွားအောင်ဖက်ပေးထားသည်။ အန်ထ့်ကိုကို့မေးစေ့ကိုနမ်းသည် ၊နှုတ်ခမ်းတွေထပ်အနမ်းတွေပေးသည် ၊ပါးနှစ်ဖက်ကိုလည်းနမ်းသည် ၊ ဖြေးဖြေးမှန်မှန်လေးလေတွေရှုသွင်းနေတဲ့နှာတံလေးကိုလည်းနမ်းလိုက်သည် ။ နိုးနေတာတောင်အခုထိပွင့်မလာသေးတဲ့မျက်လုံးတွေကိုအားပါးတရနမ်းပစ်လိုက်သည် ။

"ကိုကိုရေမျက်လုံးဖွင့်ပါတော့...! ကိုကို့မျက်လုံးကဘာအရောင်လဲတောင်မေ့နေပြီ"

"ခဏေလး..ကိုကိုအရမ်းအိပ်ချင်နေလို့ပါ"

ညဘက်မိုးချုပ်တဲ့အထိဂျူတီတွေစောင့်ရတယ်၊ စာတွေကျက်ရတာနဲ့ တစ်နေ့တနေ့ကိုကို့မှာအိပ်ချိန်၃ ၊ ၄နာရီလောက်ပဲရှိသည် ။ အန်ထ့်ကိုကို့ကိုသိပ်သနားတာပဲ။ အန်ထ့်သာ နေ့တိုင်းအဲ့လောက်လေးပဲအိပ်ရမယ်ဆိုရင်ရူးသွားလိမ့်မည် ။

ကိုကိုကတော့အိပ်ပါစေဦး။ အန်ထ့်ကတော့ထရမည်။ ကိုကိုနိုးလာရင်စားဖို့မနက်စာအဆင်သင့်လုပ်ပေးရမည်။ အန့်ထ်သူ့ကိုယ်ပေါ်ကဆင်းဖို့လုပ်တော့သူကပေးမဆင်းပဲဆက်ပြီးဖက်ထားသည် ။ ကိုကိုကသိပ်ချစ်ဖို့ကောင်းတာ...

DIARIES Part 2(Love Is...)Donde viven las historias. Descúbrelo ahora