အပိုင္း(11)uni

800 90 8
                                    

Yoongi ကပြေး jimin ကအနောက်ကနေ လိုက်နဲ့ နှစ်ယောက် သား ပတ်ပတ်ချာချာကိုလည်နေတော့ လေသည်။

"  Yarr.... Minyoongi မပြေးနဲ့ လေ "

သူ့ကိုအသံစူးစူးနဲ့ အော်နေသော ကောင်လေးကို လှည့်ကြည့်ပြီး ပြုံးကာ ဆက်ပြေးနေလေသည်။

တစ်နေရာရောက်တော့  Yoongi ကရုတ်တရက် အရှိန်ရပ်လိုက်တော့ အနောက်ကနေ အရှိန်နဲ့ ပြေးလာသော Jimin  က  ဝင်တိုက်မိပြီး အရှိန်မထိန်းနိုင်ကာ နှစ်ယောက်လုံး မြေပြင်ပေါ်လဲကျသွားတော့လေသည်။

Jimin လည်း သူလဲကျသွားတာသိတော့မျက်စိမှိတ်လိုက်လေသည် ။ အောက်ရောက်တဲ့ အထိ ဘာမှမခံစားရလေ ပေ။ ထိုအခါမှ
သူ့မျက်လုံးကို ဖွင့်ကြည့်လိုက်တော့ သူက Yoongi
အပေါ်မှာ သွားကျနေလေသည်။

နှစ်ယောက်စလုံးတစ်ယောက်ကို တစ်ယောက် မျက်လုံးချင်းဆုံသွားလေသည်။

1စက္ကန့် 2စက္ကန့် 3စက္ကန့် 4 စက္ကန့် 5စက္ကန့် အချိန်တွေ တစ်ဖြည်းဖြည်း ကုန်ဆုံးကာ 5မိနစ် အထိ အကြည့်ချင်းဆုံနေလေသည်။

" အဟမ်း ဟို  Yoongi ငါ ငါတောင်းပန်ပါတယ် "

Jimin လည်း သတိပြန်ဝင်လာပြီး မျက်နှာနှစ်ဖက်ရဲ လာကာ yoongi ကို ရှက်ပြီး စကားတွေထစ်ကုန်လေတော့သည်။   yoongi
အပေါ်ကနေ အမြန်ခွာလိုက်ပြီး ထကာ   မထရသေးတဲ့ yoongi ဆီလက်လှမ်းပေးလိုက်လေသည်။

Yoongi လည်း သူ့ကိုလှမ်းပေးလာတဲ့လက်ကလေးကို ပြုံးပြီး ကြည့်နေလေသည်။

" yoongi မင်းကြည့်ပဲ ကြည့် နေတော့မှာလား "

Jiminပြောလိုက်တော့မှာ yoongi တစ်ယောက် jimin လက်ကို ဆွဲ ပြီး ထလာလေသည်။

" ဟို jimin ငါတို့ ဟိုနားက ခုံတန်းလေးမှာ သွားထိုင်ကြမလား "

Yoongi လည်း အပင်တွေအောက်က ခုံတန်းလေးကို ညွှန်ပြပြီး ပြောလိုက်တော့ jimin လည်း ခေါင်းညှိတ် ကာ လက်ခံလိုက်လေသည်။

....................တစ်ဖက်မှာတော့......... .....

" Tae Tae ဟင့် "

သူ့ ရင်ခွင်ထဲကနေ  နာမည်လေးကိုခေါ်ပြီး ရှိုက်သံ ထွက်လာတဲ့  Jungkook ကြောင့် Taehyung တစ်ယောက် စိတ်ပူနေတဲ့မျက်ဝန်းတွေနဲ့ ငုံ့ကြည့််ကာ မေးလိုက်သည်။

Just Friend Where stories live. Discover now