အပိုင်း(13)zawgyi+uni

779 117 16
                                    

" Tae Tae အောက်ချပေးတော့လေ ရှက်စရာကြီး "

အခန်းထဲ ရောက်တဲ့ အထိ Taehyung တစ်ယောက် ပွေ့ချီလာသောကြောင့် jungkook မှာရှက်ကိုးရှက်ကန်းဖြစ်လာတော့လေသည်။

Taehyung လည်း Jungkook ပြောတော့ ပြုံးကာ အောက်ကိုချပေးလိုက်လေသည်။

" ကဲပါဗျာ အရှက်သည်းနေတဲ့ မျက်နှာလေးပြပါအုန်း "

" ဟာ TaeTae နော် သွားကိုယ့်နေရာကိုယ်သွားထိုင်ဆရာမလာတော့မယ် "

Jungkook တစ်ယောက် Taehyung ရဲ့ရင်ဘတ်ကို ထုလိုက်ပြီး သူ့ခုံလေးမှာ သူသွားထိုင်လိုက်တော့ သည် ။

Tae ကတော့ Jungkook လုပ်သမျှ အပြုမူတွေကို ကြည့်ပြီး ပြုံးနေတော့လေသည်။

ထို့နောက် ဆရာမလာတော့မည်ဖြစ်သောကြောင့် Tae လည်း သူ့နေရာနဲ့သူ ဝင်ထိုင်လိုက်လေသည်။

ထိုအချိန် Taehyung ရဲ့ ခုံအောက်မှာ ဗူးလေး တစ်လုံးကို တွေ့လိုက်တော့ Tae လည်း ထိုဗူးလေးကို ဖွင့်ကြည့်လိုက်လေသည်။

အထဲမှာတွေ့လိုက်ရတာက တော့ ချောကလက်လေး။
Taehyung လည်းဘယ်သူပေးတာလဲလို့ သိချင်ဇောနဲ့
ဗူးရဲ့  အတွင်းဘက်ကို နာမည်များရေးထားမလားဆိုပြီး ရှာကြည့်နေလေသည် ။

သို့ပေမဲ့ ဘာမှ မတွေ့လိုက် ပေ။ Tae လည်းထိုချောကလက်ထည့်ထားသော ဗူးကို သူ့နေရာနဲ့သူ ပြန်ထားလိုက်လေသည်။

တစ်ဖက်မှာတော့ Jimin တစ်ယောက် အတွေးပေါင်းများစွာနဲ့ စာသင်ခန်းရဲ့ ပြတင်းပေါက်နေ ငေးကြည့်နေမိသည်။

ထိုအချိန် အငယ်တန်းကလေးတစ်ယောက်ရောက်လာပြီး သကြားလုံးတစ်လုံးလာပေးလေသည် ။

" jimin hyung ညီမ သကြားလုံးလေး ပေးချင်လို့ "

Jimin လည်းထိုကလေးမ ပေးသော သကြားလုံး ကို ပြုံးကာယူလိုက်ပြီး အပြင်ကို တစ်ဖန် ပြန်ငေးကြည့်နေလေသည်။

ခဏအကြာ နောက်ထပ်ကလေးမတစ်ယောက်ရောက်လာပြီး
သကြားလုံးနောက်တစ်လုံးထပ်ပေးလေသည်။

ဒီလိုနဲ့ ပဲ jiminမှာ သကြားလုံး များစွာရှိသွားလေပြီ။

Jimin လည်းထိုသကြားလုံးတွေကို ကြည့်ပြီး ဘာကြောင့် သူ့ကိုလာပေးတာလဲဆိုတာ နားမလည်နိုင်ဖြစ်နေလေသည်။

Just Friend Tempat cerita menjadi hidup. Temukan sekarang