Chapter 1

71 3 0
                                    

To Save The World - 1

[ပုန်ကန်မှု]

ချူပြည်​​ထောင်စု၊ ရှီ စစ်တပ်။ ။

​တောင်ဘက်​နယ်စပ် လမ်းမကြီးထက်တွင် ညီညာ​သောမြင်းခွာသံနှင့် စစ်ချီသံများ ထွက်​ပေါ်လျက်ရှိသည်။

နယ်စပ်ရှိမငြိမ်သက်မှုများကြောင့် စစ်သူကြီး ရှီမင် သည် နယ်စပ်သို့စစ်ချီတက်ရသွားသည်။

ရှီစစ်တပ်ဟူသည် စစ်ပွဲအလီလီနွှဲကာ ရှီအိမ်​တော်၏ သမိုင်းမှတ်တိုင်စိုက်ထူခဲ့​သော၊ နိုင်ငံကာကွယ်ခဲ့​​သော ​နိုင်ငံ၏ တစ်ခုတည်း​သော​ရွေ့လျားစစ်တပ်ဖြစ်​ချေ၏။

ဤသည်ကား သမိုင်းဝင် ဟုန်းဟုန်း​​တောက်​​ကျော်ကြားခဲ့ပါ​​သော စစ်သူကြီးချုပ်ရှီဝမ် ကျဆုံးပြီး​နောက် ရှီစစ်တပ်၏ ပထမဆုံးတိုက်ပွဲဖြစ်​လေသည်။

အချိန်ကားညနက်ပိုင်းသို့ရောက်ချေပြီ။လက်ရှိ ချူ နိုင်ငံဧကရာဇ်သည် နန်းတက်ပြီးခါစအချိန်သာရှိနေသေးသည်။

ရှီစစ်တပ်သည် နယ်စပ်သို့ခရီးပြင်းနှင်နေရ၍မြို့တော်တွင် မြို့စောင့်တပ်နှင့် နန်းစောင့်တပ်သာ ကျန်နေခဲ့၏။ 

ပုံမှန်အားဖြင့် နယ်စပ်တိုက်ပွဲတိုင််းတွင် စွမ်းစွမ်းတမံတိုက်ပွဲဝင်၍ ​အောင်ပွဲခံ​လာကြသော ရှီအိမ်​တော်၏ အငယ်နှစ်​ယောက်ဖြစ််​သည့် ညီမငယ် ရှီချူမုန့် နှင့် ညီငယ် ရှီယွီ တို့မှာ မြို့​တော်တွင််် ကျန်​နေခဲ့သည်။

သို့​သော်ငြား စစ်သူကြီး ရှီယွီသည် ဖခင်ဖြစ်သူ၏နာ​ရေးပြီးဆုံးချိန်မှစ၍ တာဝန်မှ အနားယူထားသည်မှာ ကာလအတန်ကြာပြီဖြစ်​​ချေ၏။

မငြိမ်သက်သောတိုင်းပြည်အခြေအနေနှင့် အင်အားလျော့နည်းနေသော မြို့တော်သည် တစ်စုံတစ်ချို့အတွက်ကား ပုန်ကန်မှုစတင်ရန်အချိန်ကောင်းဖြစ်ခဲ့လေသည်။

>>>>>>>>>>>>

နိုင်ငံ​​တော်ပုန်ကန်မှုကို အမတ််ချုပ်က စတင်ဦး​ဆောင်​လေသည်။

မင်းဆက် ၂ ဆက်တိုင်အမှု​တော်ထမ်းလာခဲ့သည့် အနှီလူသည် အဆက်အသွယ်အရာ​တွင် နန်းတက်စ ဧကရာဇ်မင်းထက်ပင် လက်တံရှည်၏။

To Save The World Where stories live. Discover now