To Save The World - 1
[ပုန်ကန်မှု]
ချူပြည်ထောင်စု၊ ရှီ စစ်တပ်။ ။
တောင်ဘက်နယ်စပ် လမ်းမကြီးထက်တွင် ညီညာသောမြင်းခွာသံနှင့် စစ်ချီသံများ ထွက်ပေါ်လျက်ရှိသည်။
နယ်စပ်ရှိမငြိမ်သက်မှုများကြောင့် စစ်သူကြီး ရှီမင် သည် နယ်စပ်သို့စစ်ချီတက်ရသွားသည်။
ရှီစစ်တပ်ဟူသည် စစ်ပွဲအလီလီနွှဲကာ ရှီအိမ်တော်၏ သမိုင်းမှတ်တိုင်စိုက်ထူခဲ့သော၊ နိုင်ငံကာကွယ်ခဲ့သော နိုင်ငံ၏ တစ်ခုတည်းသောရွေ့လျားစစ်တပ်ဖြစ်ချေ၏။
ဤသည်ကား သမိုင်းဝင် ဟုန်းဟုန်းတောက်ကျော်ကြားခဲ့ပါသော စစ်သူကြီးချုပ်ရှီဝမ် ကျဆုံးပြီးနောက် ရှီစစ်တပ်၏ ပထမဆုံးတိုက်ပွဲဖြစ်လေသည်။
အချိန်ကားညနက်ပိုင်းသို့ရောက်ချေပြီ။လက်ရှိ ချူ နိုင်ငံဧကရာဇ်သည် နန်းတက်ပြီးခါစအချိန်သာရှိနေသေးသည်။
ရှီစစ်တပ်သည် နယ်စပ်သို့ခရီးပြင်းနှင်နေရ၍မြို့တော်တွင် မြို့စောင့်တပ်နှင့် နန်းစောင့်တပ်သာ ကျန်နေခဲ့၏။
ပုံမှန်အားဖြင့် နယ်စပ်တိုက်ပွဲတိုင််းတွင် စွမ်းစွမ်းတမံတိုက်ပွဲဝင်၍ အောင်ပွဲခံလာကြသော ရှီအိမ်တော်၏ အငယ်နှစ်ယောက်ဖြစ််သည့် ညီမငယ် ရှီချူမုန့် နှင့် ညီငယ် ရှီယွီ တို့မှာ မြို့တော်တွင််် ကျန်နေခဲ့သည်။
သို့သော်ငြား စစ်သူကြီး ရှီယွီသည် ဖခင်ဖြစ်သူ၏နာရေးပြီးဆုံးချိန်မှစ၍ တာဝန်မှ အနားယူထားသည်မှာ ကာလအတန်ကြာပြီဖြစ်ချေ၏။
မငြိမ်သက်သောတိုင်းပြည်အခြေအနေနှင့် အင်အားလျော့နည်းနေသော မြို့တော်သည် တစ်စုံတစ်ချို့အတွက်ကား ပုန်ကန်မှုစတင်ရန်အချိန်ကောင်းဖြစ်ခဲ့လေသည်။
>>>>>>>>>>>>
နိုင်ငံတော်ပုန်ကန်မှုကို အမတ််ချုပ်က စတင်ဦးဆောင်လေသည်။
မင်းဆက် ၂ ဆက်တိုင်အမှုတော်ထမ်းလာခဲ့သည့် အနှီလူသည် အဆက်အသွယ်အရာတွင် နန်းတက်စ ဧကရာဇ်မင်းထက်ပင် လက်တံရှည်၏။