Chapter 2

23 0 2
                                    

To save the world -2

နောက်တစ်နေ့ညီလာခံဝယ်....

တိုင်းပြည်၏အမတ်ချုပ်ပုန်ကန်သည့်သတင်းကို ညီလာခံရှိလူတိုင်းလည်းကြားပြီးဖြစ်သည်။

ချူ မုန့်ဝင်လာသည့်အခါ အားလုံး၏အကြည့်မှာသူမဆီတွင်သာဖြစ်သည်။

ညက လက်နက်ပုန်းကို ဧကရာဇ်ကိုယ်စား သူမက ဝင်ခံခဲ့သည်မဟုတ်ပါလား။

ဘယ်လောက်ပဲအရှင်သခင်က သံသယထားထား

ရှီအိမ်က အစွမ်းကုန်သစ္စာရှိနေဆဲပင်။

မနာလိုသူတစ်ချို့ကလည်း ရှီအိမ်ကို မျက်မုန်းကျိုးနေဆဲပါပင်။

အရင်ဧကရာဇ်ထံ အနှီလူတို့ ကုန်းချောမှုတွေ ထိရောက်ခဲ့ပေမယ့်

လက်ရှိဧကရာဇ်ကိုသူမကလက်ဦးပြီး အသက်စွန့်၍ သစ္စာရှိမှုကိုပြထားခဲ့ပြီဖြစ်၏။

ညီလာခံသဘင်တွင် ချူ မုန့်နေရာယူပြီးသည်နှင့် ဧကရာဇ်အရှင်လည်းကြွလာပြီဖြစ်ကြောင်း အထိန်းတော်က ပြောလာလေသည်။

"ရှီ ဒု-စစ်သူကြီးက ဒဏ်ရာနဲ့မို့ ဒူးမထောက်လည်းရတယ်"

ရှီချူ မုန့် - "ဟုတ်"

အမတ်များ - "..."

ဤသည်ကား ဧကရာဇ်အရှင်က သိသိသာသာကို မျက်နှာသာပေးလိုက်သည်လား။

"အမတ်မင်း အားလုံးလည်းထကြပါ ဒီနေ့ညီလာခံကိုစောသိမ်းမှာမို့ အရေးမကြီးတာတွေနောက်နေ့မှပြောကြတာပေါ့"

"အရှင် မနေ့က လုပ်ကြံမှုကြောင့် ကျွန်တော်မျိုးတို့အရှင့်ကျန်းမာရေးကိုစိုးရိမ်ပါတယ်"

"ဒီကိစ္စလား ကိုယ်တော်ဘာမှမဖြစ်ခဲ့တာမို့ တရားရေးအမတ်မင်းလီ စိတ်မပူပါနှင့်"

"ပုန်ကန်သူတွေကို ဘယ်လိုစီရင်မှာပါလဲအရှင်"

ထိုလူကထပ်မေးလာသော် -

"ကိုယ်တော်သူတို့ကို မျိုးဆက်၃ဆက်အထိသုတ်သင်ဖို့အမိန့်ပေးပြီးပါပြီ"

"ဒါက..."

သူဘာမှထပ်မပြောနိုင်ခင် ဧကရာဇ်က စစ်သူကြီးဝမ်ဘက်ကိုလှည့်ပြီးအမေးရှိလေသည်။

To Save The World Donde viven las historias. Descúbrelo ahora