10

383 58 4
                                    

U••

ယခုနေ့တစ်နေ့လုံး Bokuto san အား Akaashi ရှာမတွေ့ခဲ့ပါချေ။ Bokuto ၏အတန်းဖော်များက အတန်းချိန်ပြီးသည်နှင့်ထွက်သွားသည်ဟုဆိုကြ၍ Akaashi ကျောင်းအနှံ့လိုက်ရှာသော်လည်း ဘယ်ဆီသွားပုန်းနေမှန်းမသိရလောက်အောင် အစအနပျောက်နေတော့သည်။

သူဖုန်းဆက်သည်ကိုလဲမကိုင်၊ Message များကိုလည်းဝင်မဖတ်ပေ။ ပင်ပန်းသည်ရော စိတ်ရှုပ်ထွေးသည်ပါပေါင်း၍ Akaashi သက်ပြင်းချမိ၏။

သူ Kenma အားဖုန်းဆက်မေးကြည့်သော်လည်း တစ်ဖက်မှလူက Bokuto ဘယ်သွားသည်ကိုသိမနေပေ။  Kenma တင်မက Kuroo ပါမသိသည့်ကိစ္စဖြစ်နေသ၍ Akaashi နားပူမနေတော့ပဲ ကိုယ်တိုင်ကြိုးစား၍သာရှာဖွေရတော့၏။

သို့သော်လည်း တစ်နေ့လုံးသာကုန်သွား၍ Bokuto ကသူ့ရှေ့ပေါ်မလာခဲ့ပါချေ။ ကျောင်းဆင်းချိန်၌ရှိသော လေ့ကျင့်ရေးသို့လည်း Bokuto ရောက်မလာသည်မို့ တစ်သင်းလုံးထူးဆန်းနေကြ၏။

Bokuto ဟူသည့်လူသားက Volleyball နှင့်ပက်သက်လျှင် မည်သည့်အခါကမှ ပျက်ကွက်သည်မျိုးမရှိဖူးပါချေ။ လေ့ကျင့်ရေးဆိုလျှင်လည်း ထိပ်ဆုံးကရောက်နေတတ်သည့်သူဖြစ်ပြီး Volleyball ကစားနေရသည်ကိုပင် သဘောကျနေတတ်သောလူသားဖြစ်၏။

ထိုလူသားက လေ့ကျင့်ရေးကိုပျက်ကွက်သည်က အနည်းငယ်မယုံချင်စရာကောင်းလှသည်။

သို့သော်လည်း လူတိုင်းတွင်သူ့အကြောင်းကိစ္စနှင့်သူရှိသည်မို့ Akaashi စိတ်ကိုလျှော့၍ လေ့ကျင့်ရေး၌သာအာရုံစိုက်ဖို့ကြိုးစားလိုက်၏။ Bokuto san ကသူနှင့်မည်မျှတတွဲတွဲဖြစ်နေပါစေ သူကမိသားစုဝင်မဟုတ်သလို အယုံကြည်ရဆုံးသူဟုတ်မဟုတ်လည်းမသေချာပေ။

ထို့ကြောင့် ရှိရှိသမျှအရာရာတိုင်းအား Bokuto san က သူ့ထံသို့ဖွင့်ပြော၍တိုင်ပင်လာလိမ့်မည်ဟု တထစ်ချယုံကြည်မည်ဆိုပါက ရူးမိုက်ရာကျပေ၏။ Akaashi ထံတွင်လည်း Bokuto အားအသိမပေးသည့်ကိစ္စရပ်များရှိတတ်သည်မို့ ထိုလူသားလေးအား သူအတတ်နိုင်ဆုံးနားလည်ပေးရန်လိုအပ်သည်။

ထို့အပြင် Bokuto ပျောက်သွားသည်က နေ့တစ်ပိုင်းသာရှိသေးသဖြင့် ထိုမျှလောက်ကြာသည့်အချိန်ကာလလည်းမဟုတ်သေးပေ။ ပုံမှန်အားဖြင့် Bokuto ကသူ့မျက်စိအောက်တွင်အမြဲရှိနေတတ်သည်မို့သာ Akaashi စိတ်ပူလွန်သွားခြင်းဖြစ်လောက်၏။

••The Owner Of Captain Owl ••Where stories live. Discover now