19

406 56 8
                                    

U••

ရုတ်တရပ် ထအော်သည့် Kuroo အသံကြောင့် Kenma ဖုန်းနှင့်နားရွက်ကိုပင် ခွာလိုက်ရ၏။ ဒေါသနှင့်အံ့သြမှုအပြည့်ပါနေသော ထိုအသံကြီးက ဘေးအိမ်မှအတိုင်းသားထွက်လာသည်ကိုပင် Kenma ကြားနေရသည်။

ပေါက်ပေါက်ရှာရှာတွေးတတ်ပါသော Kuroo ဦးနှောက်ကို Kenma ကုတ်ဆွဲပစ်လိုက်ချင်ပါ၏။ လောကကြီး၌ Lev နှင့်သူနှစ်ယောက်ထဲကျန်တော့မည်ဆိုလျှင်တောင် Kenma ထိုငတုံးကိုကြိုက်မည့်အစား ရိုက်သတ်လိုက်မည်ဖြစ်ကြောင်း Kuroo သိသင့်ပါသည်။

"Kuroo...သူက Yaku san ကိုကြိုက်နေတာလေ"

Kenma စကားကိုကြားမှ Kuroo သက်ပြင်းချနိုင်သည်။ တစ်ယောက်ပြီးတစ်ယောက် ဖြစ်နိုင်ချေကိုစဉ်းစားရင်း Lev ထံသို့ရောက်သည့်အခါ သူ့ခေါင်းတစ်ခုလုံးပင်ကြီးသွားရသေးသည်။ အဆိုးရွားဆုံးသော ဖြစ်နိုင်ချေမှန်းသိသော်လည်း သံသယမဝင်ပဲတော့မနေနိုင်ပါချေ။

အချစ်ရေးနှင့်ပက်သက်လျှင် Kenma အကြိုက်ကို မသိသည်ကလည်း အတော်ဆိုးလှ၏။ ဒီမတိုင်ခင် Kenma တခြားတစ်ယောက်ကို သဘောကျသည်ဟုဆိုလာခြင်းလည်းမရှိဖူးသလို သဘောကျသည့်ပုံစံမျိုးကိုလည်း ထုတ်မပြောဖူးသည်မို့ Kuroo လျှောက်ခန့်မှန်းရုံသာတတ်နိုင်သည်။

"Yamamoto လို့တော့မပြောနဲ့နော်?!"

"Kuroo ဒီမအေ..."

ရုတ်တရပ်ထအော်သည့် Kuroo ကြောင့် Kenma ထပင်ဆဲချင်သွားရသည်။ ညဥ့်နက်သန်းခေါင်ကြီး ဂိမ်းဆော့သကဲ့သို့ စိတ်လှုပ်ရှားနေသည့်အပြင် ခုနှစ်အိမ်ကြား ရှစ်အိမ်ကြား ထထအော်နေသေး၏။ မှန်းသမျှအဖြေကလဲမမှန်။

ထွက်လာသမျှ ဖြစ်နိုင်ချေအားလုံးကလည်း Kenma ကို ဒေါသထွက်၍အသက်တိုအောင်လုပ်နေသလား အောက်မေ့ရ၏။ အသင်းမှရှိရှိသမျှလူအကုန်စဉ်းစား၍ သူ့ကိုယ်သူဘာကြောင့်ထည့်မတွက်သလဲတော့ Kenma မစဉ်းစားနိုင်တော့ချေ။

ဒီအတိုင်းသာလွှတ်ထားလျှင် Kuroo ထထအော်ပုံမျိုးနှင့် ရပ်ကွက်မှခဲနဲ့ဝိုင်းပေါက်သည်ကိုခံရတော့မည်ဖြစ်သည်မို့ Kenma အသက်ဝဝရှူ၍ ဒီနှစ်ပိုင်းအတွင်းသူမြိုသိပ်ထားရသည့် ရှိရှိသမျှသောခံစားချက်အလုံးစုံကိုဖွင့်ထုတ်လိုက်မိတော့သည်။

••The Owner Of Captain Owl ••Donde viven las historias. Descúbrelo ahora