3

15.5K 2.2K 207
                                    

{Unicode}

"ဆယ်မိနစ်တာ
ခွေးဘဝရောက်ခြင်း(တစ်)"

ရန်ကျားလိသည် ကုမ္ပဏီမှထွက်လာပြီးနောက် စိတ်အစဥ်တို့သည်လည်း ရှုပ်ထွေးနေလျက်ရှိသည်။

သူသည် တစ်ဖက်က တစ်စုံတစ်ယောက်နှင့် ရန်ထသတ်တော့မည့် ပုံစံမျိုးနှင့် အပြင်သို့ထွက်လာပြီး တစ်ဖက်ကလည်း စိတ်ထဲစဥ်းစားနေသည် ___ ဘာလို့ ယဲ့ထင် ဖြစ်နေရတာလဲ။ ဘာလို့ သောက်ကျိုးနည်း ယဲ့ထင် လာဖြစ်နေရတာလဲလို့?!!!

ဝမ်ထင်၊ လီထင်၊ ဝက်ထင်၊ ခွေးထင် ဘာထင်ပဲဖြစ်ဖြစ် ယဲ့သာဖြစ်မနေသေးရင် အကုန်အဆင်ပြေတယ်။ ယဲ့ထင် ဆိုတာကသာ အဆင်မပြေတာ။

ရန်ကျားလိ၏ဘဝဟာ စားလိုက်သောက်လိုက်၊ ပြည့်တင်းနေသော ဗိုက်ကလေးကို ပွတ်လိုက်သပ်လိုက် အိပ်နေလိုက်နှင့် အရမ်းကို သက်တောင့်သက်သာရှိပြီး အေးအေးဆေးဆေး နေနေရသည်ဟု မိုးနတ်မင်းက ထင်မြင်နေတာဖြစ်လောက်မည်။

ထို့ကြောင့် သူ၏လက်လျားလက်လျား အချိန်ဇယားထဲမှ အချိန်နည်းနည်းဖဲ့ယူလိုက်ကာ သူခေါင်းပေါ်က ခွေးသွေးများ အပြည့်ထည့်ထားသော အိုးကိုရိုက်ခွဲလိုက်ပြီး လောကဓံဟာ ဘယ်လိုဘယ်ပုံရှိသည်ဆိုတာကို သူ့အားလက်တွေ့ ခံစားစေခြင်းဖြစ်နိုင်မည်။

(ခွေးသွေး - လက်တွေ့ဘဝတွင် မဖြစ်နိုင်သော စိတ်ကူးယဥ်ဇာတ်လမ်း)

ရန်ကျားလိသည် နားထင်ကို နှိပ်နယ်လိုက်ပြီး သုန်မှုန်နေသော မျက်နှာထားနှင့် ထွက်လာခဲ့လိုက်သည်။

လီတာ့နှင့်လီအော့သည် အနံ့ဆိုးထွက်နေသည့် တုတ်ချောင်းနှစ်ချောင်းလိုမျိုး ရှက်ရွံစွာနှင့် အပြင်ဘက်မှာ စောင့်နေကြသေးသည်။

ရန်ကျားလိကိုတွေ့သည်နှင့် သူတို့သည် ကမန်းကတန်း ရှေ့တိုးလာကြသည်။

လီတာ့ကမေးသည် : "ရန်ကော၊ ဘယ်လိုလဲ သူဌေးက အလျှော့ပေးလိုက်ပြီလား"

ရန်ကျားလိသည် မျက်လွှာကိုပင့်ပြီး သူတို့နှစ်ယောက်ကို ကြည့်လိုက်သည်။ နောက်မှ ခြောက်ကပ်နေသော လေသံနှင့် "မင်းတို့ရော ဘယ်လိုထင်လဲ?"

ရည်းစားဟောင်းက ငါ့ကိုမျက်စိကျနေပြန်ပြီ (ဘာသာပြန်)Where stories live. Discover now