4

14.1K 2.3K 118
                                    

{Unicode}

"ဆယ်မိနစ်တာ
ခွေးဘဝရောက်ခြင်း(နှစ်)"

ရန်ကျားလိသည် ယဲ့ထင်၏ရုံးခန်းထဲသို့ ဝင်လာလိုက်သည်။

သူ၏ရုံးခန်းသည် အတော်လေးကျယ်ဝန်းပြီး ပြတင်းပေါက်မှ နေရောင်ခြည်များ ကျရောက်နေမှုကြောင့် မျက်စိပဒေသဖြစ်ပြီး စိတ်ကိုပင်လန်းဆန်းစေသည်။

မြင်သူတိုင်း အထင်ကြီးသွားလောက်စေမည့် ဥရောပတွင် ၁၇-၁၈ ရာစုနှစ်လောက်က ခေတ်စားခဲ့သော ယင်းလက်ရာစတိုင် ကော်ဇောကို ကြမ်းပြင်အနှံ့ ခမ်းနားစွာ ခင်းကျင်းထားပုံကခေတ်နောက်ကျမနေဘဲ တစ်မျိုးတစ်ဖုံ သစ်ဆန်းသလိုဖြစ်နေကာ ခေတ်ကာလနှင့်အညီ အမှန်တကယ်ကို သဟဇာတဖြစ်နေသည်။

ရန်ကျားလိသည် ကြမ်းခင်းပေါ်
ရပ်နေရသည်ကိုပင် ကိုယ့်ကိုကိုယ် အပြစ်ရှိသလို ခံစားလာရသည်။ သူ့ကိုယ်သူ ကာတွန်းကားထဲက ဆန်ခိုးဖို့ရန်  ခြေဖျားလေးနဲ့ပဲ တဖွဖွလျှောက်နေရတဲ့ အမဲရောင်မျက်နှာဖုံး စွတ်ထားသော ကြွက်သူငယ်နှင့်ပင် ဆင်တူနေသည်ဟု ထင်မိလာသည်။

ယဲ့ထင်သည် ရုံးစားပွဲတွင် ထိုင်နေပြီဖြစ်ပြီး သူ၏စာရွက်စာတမ်းများကိုသာ ခေါင်းစိုက်ကြည့်နေသည်။

ရန်ကျားလိ၏ ခြေသံကိုကြားမှသာ ခေါင်းတောင်မော့မကြည့်ဘဲ လေးနက်သလိုလို၊ အရေးမစိုက်သလိုလို လေသံနှင့် "ထိုင်"

ရန်ကျားလိသည် ယဲ့ထင်၏အရှေ့တွင် ထိုင်ရမည်မှာ အနည်းငယ်အဆင်မပြေသလို ခံစားရ၍ ယင်ကောင်လိုသာ လက်နှစ်ဖက်ကို ပွတ်ချေနေသည်။

ယဲ့ထင်သည် စိန်ကွပ်ထားသောနာရီကို ဝတ်ဆင်ထားသောလက်နှင့် ဘောပင်ကိုကိုင်ထားကာ စာရွက်စာတမ်းများပေါ်တွင် စက်ဝိုင်းဝိုင်းလိုက်၊ မျဥ်းကြောင်းဆွဲလိုက်သာ လုပ်နေသဖြင့် လေထုသည် အေးစက်စက်နှင့် ခြောက်ကပ်စရာ ကောင်းလွန်းနေသည်။ ရန်ကျားလိကိုဆိုလျှင် ရှိကိုရှိမနေခဲ့သော လူတစ်ယောက်အတိုင်း ဂရုကိုမစိုက်ပေ။

ရန်ကျားလိသည် စကားပြောထွက်လာဖို့ရန် အကြိမ်ပေါင်းများစွာ ကြိုးစားခဲ့သော်လည်း တွန့်ဆုတ်တွန့်ဆုတ်သာဖြစ်နေသည်။ 

ရည်းစားဟောင်းက ငါ့ကိုမျက်စိကျနေပြန်ပြီ (ဘာသာပြန်)Where stories live. Discover now