LB 15

607 120 93
                                    

Little B အပိုင်းတို

သောက်စားကြဖို့ အဖော်ညှိနေတဲ့ သူငယ်ချင်းတွေကြား ချန်းယောလ်သိသိသာသာကို ရှောင်နေသည်။ ဝင်ရောရင် ဆွဲထည့်ခံရမှာစိုးလို့..။
တစ်ယောက်တည်းနေတဲ့ သူ့အိမ်ကို သူ့အပေါင်းအဖော်တွေ မျက်စောင်းထိုးမှာတော့ လက်သင့်မခံနိုင်ပါ ။ မိဘတွေထက်ကြောက်ဖို့ကောင်းတဲ့ အကောင်ပေါက်တစ်ကောင်ရှိနေတော့ ချန်းယောလ်မှာ ခါတိုင်းရှေ့ဆုံးကနေရာယူနေကြကို အခုတော့ ငြိမ်ကုပ်နေရတာက ပတ်ချန်းယောလ် မပီသစွာပင်ဖြစ်နေသည်။

ချန်းယောလ် ရှောင်ပါသော်လည်း သူ့ကို မရှောင်ကြသောအခါ...

ပတ်ချန်းယောလ်အိမ်လို့ သတ်မှတ်လာတဲ့နောက် အလိမ္မာနည်းနဲ့ အခါခါငြင်းကြည့်ပါသော်လည်း စောက်ကြောတင်းတဲ့ ဘော်ဒါတစ်သိုက်ကြောင့် ငိုသံကြီးနဲ့ လက်ခံလိုက်ရသည်။

လစ်တဲဘီကို ဘယ်နားဖွက်ထားရမလဲလေ???

ညဘက်ကျမှ ဝယ်ပြီးလာမှာမလို့ ချန်းယောလ်အိမ်ပြန်ရတော့သည်။ သူ့ရဲ့ အလိမ္မာတုံးလေးက သေချာရှင်းပြရင် နားထောင်ပြီး သိတတ်ပါတယ် ။ မသိတတ်ရင်လည်း တင်းကိတ်နေတဲ့ဖင်လုံးလုံးကို ဆော်ပလော်တီးပြီး ဘီဒိုထဲ ဖွက်ထားလိုက်မှာပေါ့... ။

နည်းလမ်းအသွယ်သွယ်နဲ့ ချန်းယောလ်ရဲ့ အိမ်ပြန်လမ်းက ခါတိုင်းထက် ခေါင်းကိုက်နေခဲ့ပါသည်။

____L.B

”ဘေဘီ ”

တိတ်ဆိတ်နေတဲ့အိမ်က ထူးထူးဆန်းဆန်းမလို့ ချန်းယောလ်မှာ သံသယပေါင်းများစွာ...။ လစ်တဲဘီရောက်လာပြီနောက် ဆူညံမှုတွေနဲ့ အသားကျနေတဲ့အိမ်က အခုလို တိတ်​ဆိတ်နေတော့ ချန်းယောလ်မှာ သတိအနေအထား...။ ဘာတွေမွှေထားလဲ မသိတာမလို့ ရင်ခုန်စိတ်လှုပ်ရှားခြင်းများစွာဖြင့်...။

”ချောက် ချောက် ”

တချောက်ချောက်အသံကို ချန်းယောလ်ရင်းနှီးပေမဲ့ ဘာမှန်း မသဲကွဲသေး ။ အသံကအခန်းတွင်းက ဖြစ်သည်။

”အိုက်ယား..မနိုင်တော့ဘူးလား ဟွန်း~~ ”

ချန်းယောလ် အခန်းတံခါးဖွင့်လိုက်တာနဲ့ ကြိုဆိုနေတဲ့ မြင်ကွင်း..

You've reached the end of published parts.

⏰ Last updated: Jul 30, 2023 ⏰

Add this story to your Library to get notified about new parts!

Little B Where stories live. Discover now