L.B 5

3.7K 639 115
                                    

((Zawgyi))

Weekend မလို့ chanyeol ကျောင်းပိတ်ကာ အိမ်ကပ်နေ၏ ။
အိမ်ကပ်ရတာကလည်း ပုစိညောက်စိ တစ်ယောက် ရှိနေတာကြောင့် အပြင်ထွက်လို့မှ အဆင်မပြေတာကို..။

အခု chanyeol သူ့ရဲ့ little B နဲ့ အတူ TV ကြည့်နေတာပင်..။
အခန်းထဲမှာပဲ နံရံကပ်TV ထည့်ထားတာမလို့ အခန်းတွင်းအောင်းနေကြတဲ့ ကိုကို နဲ့ B လေး ။
ကြည့်ရအဆင်ပြေစေရန် ကုတင်ကို မြှင့်လိုက်ပြီး TV ကို အာရုံစိုက်နေကြသည်။

ကြည့်နေတာက အင်္ဂလိပ်ရုပ်ရှင်ကားတစ်ကား

သူငယ်ချင်းက ကောင်းတယ် ညွှန်းတာနဲ့ အဲ့ကောင်စီက အခွေCD ချပ်ကို ဌားလာပြီး ကျောင်းပိတ်ရက်ကို အခွေကြည့်ခြင်းဖြင့် ကုန်ဆုံးနေသည်။
B လေးကလည်း သူ့ကိုကို ကို အာရုံမရှိဘဲ ခေါင်းအုံးပေါ်မှာ လှဲလျက်သားနဲ့ အင်္ဂလိပ်ကားထဲ စိတ်ဝင်စားမှုအပြည့် ...။

”ပြောတော့ action ကားဆိုပြီး ငါ့ကို အခွေမှားပေးတာလား မသိဘူး ”

ကြည့်လေကြည့်လေ action ခန်း တစ်ခန်းမှ မပါဘဲ မင်းသားမင်းသမီး စတွေ့ချစ်ကြိုက်တဲ့ အခန်းပဲ လာနေတာကြောင့် chanyeol ငြီးငြူ လိုက်မိသည်။
ဒီလို နုနုရွရွ love romantic ကားတွေ ကြည့်ရတာ ကြက်သီးထသလို ခံစားရလို့ chanyeol မနှစ်သက်ပါ...။

Remote ကို ကိုင်ပြီး TV ပိတ်ဖို့ လုပ်ရာ ဘေးက စိတ်ဝင်တစား အာရုံစူးစိုက်မှု အပြည့်နဲ့ ကြည့်နေတဲ့ B လေးကြောင့်

”Little B စိတ်ဝင်စားနေတာပဲ ”

သူ မကြိုက်တာနဲ့ပဲ သူများစိတ်ဝင်စားနေတာကို မဖျက်စီးသင့်ဘူး ဆိုတဲ့ အတွေးနဲ့ chanyeol ဒီတိုင်း ဆက်ဖွင့်ပေးထားလိုက်သည်။
တင်ပါးဋီကာ မဖွင့်ဘဲ ဒီလိုငြိမ်နေတာလည်း အကောင်းသား ဆိုတဲ့ စိတ်လည်း ပါသကိုး..။
သို့သော်လည်း... အဲ့လိုဖွင့်ပေးထားမိတာ မှားသွားမယ်မှန်း chanyeol ခဏနေ သိလိုက်ရ၏ ။

Vibrate လုပ်ထားတဲ့ ဖုန်းက တဒီးဒီးနဲ့ မြည်နေတာမို့ ဘေးက စိတ်ဝင်တစား ကြည့်နေတဲ့ B ငယ် အနှောင့်အယှက် ဖြစ်သွားမှာ စိုးလို့ ဖုန်းကို ကိုင်လိုက်သည်။

Chanyeol ထင်သလို အခွေမှားပေးလိုက်တာ ဖြစ်ကြောင်း သူငယ်ချင်းက ဖုန်းဆက်ပြောလာခြင်းပင်..။
တစ်ဖက်လှည့်ကာ ဖုန်းပြောနေတာမို့ TV ကို မမြင်ရ..။
အဲ့ဒါက အမှားကြီးပင် chanyeol အတွက် ဖြစ်လို့သွားသည်။

Little B Where stories live. Discover now