L.B 1

6.7K 765 139
                                    

((Zawgyi))

”ဦးလေး, ရေခဲမုန့်
စတော်ဘယ်ရီ နှစ်ခု ”

ကိုယ်ပိုင် အပြုံးချိုချိုလေးကို ထုတ်သုံးလိုက်ရင်း
နှစ်ခု ဆိုတာလေးကို လက်လေးနှစ်ချောင်း ထောင်ပြကာ ရှေ့က ရေခဲမုန့်သည် ဦးလေးကြီးစီမှာ ဝယ်နေတဲ့ ကောင်သေးလေး

မျက်နှာမြင် ချစ်ခင်ပါစေ ဆိုတဲ့ စကားနဲ့အညီ ကောင်သေးလေးက သိပ် ချစ်ဖို့ကောင်းလွန်းလှသည်။

ချစ်ဖို့ကောင်းလိုက်တာ ဆိုတဲ့ စကားနဲ့အတူ ဦးလေးကြီးက တစ်လုံးစီ အပိုထပ်ထည့်ပေးထားတဲ့ ရေခဲမုန့် နှစ်လုံးပါ ကတော့နှစ်ခုကို ယူကာ

ကျေးဇူးတင်ပါတယ် ဟု ပြောရင်း ပြုံးပြကာ ထွက်လာလိုက်တယ်

ရေခဲမုန့် အအေးကို နီတာရဲလျှာဖျားလေး ထုတ်ကာ ယှက်စားနေရင်း ပတ်ဝန်းကျင်ကိုလည်း ဟိုငေးဒီငေး စပ်စုလျက်.. ။

ဘေးပတ်ဝန်းကျင်ကို ကြည့်ပြီး လမ်းလျှောက်လာတဲ့ အခိုက်
လူကြားထဲမှာ တွေ့လိုက်ရတဲ့ လွယ်အိတ်နဲ့ ကောင်လေးတစ်ယောက်
ကော်ဖီဆိုင် မှန်တံခါးကို တွန်းကာ အထဲဝင်သွားလေသည်။
လူအများကြားမှာပေမဲ့ မျက်လုံးထဲ ထင်းခနဲပဲ
ကောင်လေးကို မြင်မြင်ချင်းပင်... ။

”ဟာ...အရှည်ကြီးပဲ လုံးဝ ငါ့ဖူးစာဖက်လေး
အူးဝါး ငါ့ စတိုင်လ်

ကိုကိုရေ ဗြောင်လေး လာခဲ့မယ် ခဏစောင့် ”

စပ်စလူးထကာ လှစ်ခနဲ ပျောက်သွားသော လူသားယောင်ဆောင်လေး
လက်ထဲက ရေခဲမုန့်လေးကလည်း ဖုတ်ခနဲ မြေကြီးပေါ် ကျလျက်...

လွယ်အိတ်နဲ့ကောင်လေးကတော့..ဘာမှမသိစွာ. ကော်ဖီဆိုင်အတွင်း သူငယ်ချင်းတွေနဲ့ စကားလက်ဆုံကျကာ ရယ်နေလို့... ။

_______L.B

”ဗြောရီ ဗြောရီ!!!! ”

”ဒုတ် ” ဆိုတဲ့အသံကတော့ လက်ထောက်ပြီး ငိုက်နေတဲ့ ဗြောရီဆိုတဲ့ နတ်သမီး
လက်ပေါ်တင်ထားတဲ့ ခေါင်းက အောက်က စားပွဲနဲ့ မိတ်ဆက်သံပင်..။
အမလေး ငိုက်နေတာတောင် ပျောက်သွားတဲ့အထိ စွမ်းဆောင်နိုင်တဲ့ အသံပိုင်ရှင်ပါပဲ ..။

Little B Where stories live. Discover now