5

14.7K 2.3K 272
                                    

{Unicode}

"ရှောင်ရန်လေး အမူးသမား
ဖြစ်သွားပြီးနောက်(တစ်)"

ရန်ကျားလိ၏ ကျောပြင်တစ်ခုလုံးသည် တောင့်တင်းအေးစက်သွားသည်။

ယဲ့ထင်က ထိုသို့တောင်းဆိုမှုမျိုး ပြုလုပ်မည်ဟု သူမထင်ထားခဲ့ပေ။

သူက ယဲ့ထင်တောင်းဆိုနိုင်မည့်အချက်များကိုတောင် ကြိုတင်စဥ်းစားခဲ့ပြီးဖြစ်သည်။ ယဲ့ထင်က သူ့ကိုအရှက်ခွဲဖို့အတွက် ရိုက်နှက်တာတို့၊ ဆဲဆိုတာတို့လုပ်ရင်တောင် သူကတော့ သည်းခံနေမည်ဟုပင် ဆုံးဖြတ်ထားသေးသည်။

ဆယ်မိနစ်လောက် ခွေးဘဝရောက်လဲ ရောက်ပါစေပေါ့။ ယောကျာ်းဟူသည် စွန့်ဝူခုံး၏ ရွှေရောင်တင်းပုတ်သဖွယ် အလိုရှိသလို ကြုံ့နိုင်ဆန့်နိုင်စွမ်းရှိပြီး နေရာဒေသအလိုက် လိုက်လျောညီထွေမှုရှိစွာ နေထိုင်တတ်ရမည်။ သို့ကာမှ ယောကျာ်းကောင်း ပီသမည်ဖြစ်သည်။

(ရွှေရောင်တင်းပုတ်က စွန့်ဝူခုံးကဆင့်ခေါ်လိုက်ရင် နားထဲကထွက်လာတဲ့  ရွှေရောင်လက်နက်လေးလေ။ ကြည့်ရတာ ကျွီမှောင်းကောကောက စွန့်ဝူခုံးဖန် အကြီးစားကြီးဖြစ်မယ်:P)

သို့ပေမယ့် နှလုံးသားမရှိတဲ့ ခွေးကောင်ယဲ့ထင်က သူရဲ့အချစ်ကလေးဆီက သဘောကျနှစ်သက်မှုကို ရရှိအောင်လို့ မျက်နှာလုပ်ပြီး လက်ဆောင်ပေးဖို့အတွက် ဒီရည်းစားဟောင်းကို လာရွေးခိုင်းလိမ့်မယ်လို့ ထင်ကိုမထင်ထားခဲ့ဘူး။

ဖြတ်ပစ်လိုက်သင့်တယ်။ သောက်ရမ်းကြီးကို ဖြတ်ပစ်လိုက်သင့်တယ်။ သူ့ရဲ့နောက်မျိုးဆက်က သားစဥ်မြေးဆက် အားလုံးကို အမြစ်ဖြတ်လိုက်သင့်တယ်။

ရန်ကျားလိသည် ခေါင်းမာမာနှင့် မျက်နှာကိုပင် လှည့်မလာဘဲ

"ကျွန်တော် လက်ဆောင်တွေ မရွေးပေးတတ်ဘူး"

"မင်းရွေးတတ်ပါတယ်" ယဲ့ထင်က သူ့ကို ခပ်တည်တည်နှင့် စိုက်ကြည့်နေသည်။ ထို့နောက် ပြုံးရိပ်သန်းနေသော မျက်နှာထားနှင့်

"ရှောင်ရှရဲ့စရိုက်က တခါတလေ မင်းနဲ့အရမ်းတူတယ်။ ဆူညံတာတို့၊ ဂျီကျတာတို့၊ တကယ်ကလေးအတိုင်းပဲ။ ဘေးမှာတစ်ယောက်ယောက် ရှိတာနဲ့ ကျောပေါ်တက်စီးနေတော့တာ။ မင်းကြိုက်တာဆို သူလဲသေချာပေါက် ကြိုက်လောက်မှာ။ မင်းရွေးလိုက်တဲ့လက်ဆောင်က ငါ့ကိုစိတ်မပျက်စေနိုင်ဘူးဆိုတာ ငါယုံတယ်၊ ဟုတ်တယ်မလား?"

ရည်းစားဟောင်းက ငါ့ကိုမျက်စိကျနေပြန်ပြီ (ဘာသာပြန်)Where stories live. Discover now