Part:9

1.9K 79 0
                                    


Unicode

Ep-9

မြူတစ်ယောက် ကြီးမေအား အိမ်အလုပ်ဝိုင်းကူ

လုပ်ပေးနေသော်လည်း စိတ်က အိမ်ရှေ့တံခါးကို

သာ အာရုံရောက်နေမိသည်။

အရင်နေ့တွေက ဒီချိန်ဆို သူတို့၂ဦးပြန်လာ

နေကျ..ခုတော့ ​ညနေစောင်းနေပြီ ဖြစ်

သော်လည်း ခတ္တာ ပြန်မရောက်လာသေး.......

"သား"

"ဗျာ" ဟု မြူထူးလျက် "ကြီးမေ ဒီနေ့ကိုကို

ပြန်လာတာ တော်တော် နောက်ကျမယ်ထင်တယ်

နော်....."

"အင်း ကားလမ်းတွေ ပိတ်နေလို့နေမှာပါသား

ငယ်ရဲ့...."

"Aww ဟုတ် ခါတိုင်းဆို ဒီချိန်ဆို သား

တို့၂ယောက်လုံး ပြန်ရောက်နေပြီ မို့ မေးကြည့်

တာပါ" ဟုသာ မြူ ပြောရှာသည် ...

နာရီကြည့်လိုက်တော့ ၅နာရီ၂၅မိနစ် ပင် ရှိနေ

ပြီ...

အိမ်ရှေ့တံခါးမကြီးအား ခဏခဏ လှည့်ကြည့်

ရင်း မြူနှိုင်းဆက်အလုပ် ဆက်လုပ်နေမိသည်....

နာရီဝက်ခန့်(၅နာရီ ၅၅မိနစ်) အချိန် မှ ခတ္တာ ပြန်

ရောက်လာခဲ့သည်....

မြူနှိုင်းဆက် ခတ္တာ အနားသို့သွားကာ

"ကိုကို ဘာလို့ ဒီနေ့ နောက်ကျနေရတာလဲ ဘယ်

တွေသွားနေလို့ လဲ" ဟု အက်ျီစ ဆွဲကာ ပွစိပွစိ

ပြောတော့သည်..

မြူ့လက်တို့အားဖယ်လျက်...."ကိုယ်ပင်ပန်းနေ

လို့ နားချင်နေပြီ"ဟုသာ မြူ့အားပြောပြီးနောက်

"မေမေ သားညကျရင် မေမေ ကို ပြောစရာရှိ

တယ်"ဟုပြော၍ ပြန်ဖြေသံပင် နားမထောင်တော့

ပဲ အပေါ်ထပ်သို့ တက်သွားတော့သည်

မြူ့ စိတ်ထဲဘဝင်မကျပေ ခါတိုင်းရက်တွေဆို

မြူကမကပ်ရင်တောင် ကိုကိုက သူ့အနား လာ

ကပ်စမြဲပင်။

The little bond of the silver Snow [Complete]Where stories live. Discover now