Part:34

1.4K 48 4
                                    


Ep-34

နောက်တစ်နေ့နံနက် ဒေါ်ဖူးခတ္တာချိုနှင့်မင်းခတ္တာတို့ သားအမိနှစ်ယောက် Coffeeဆိုင်ရှိရာသို့ သွားရန် ပြင်ဆင်ကြလေသည်....

ထို့နောက် ဒေါ်ဖူးခတ္တာချိုတစ်ယောက် ဘုရားစင်ရှေ့ဝယ် ဝတ်ပြုလျက် ဘုရားစာများရွတ်ဖတ်ပူဇော်နေသည်ကို မင်းခတ္တာတစ်ယောက် ေငးကြည့်မိနေသည်....

မေမေ့အသက်က ၄၃နှစ်ထဲတွင်ရှိနေသော်လည်း အသက်အရွယ်နှင့်မလိုက်အောင် နုဖတ်လွန်းလှပြီး ကြည့်ကောင်းနေလေသည်......ေဖဖေဆုံးသွားသည်မှာကြာပြီဖြစ်သော်လည်း နောက်အိမ်ထောင်မပြုပဲနေကာ သူနှင့် မြူနှိုင်းဆက်တို့အား သူများသားသမီးများကဲ့သို့ရင်ဘောင်ထားနိုင်လေသည်...

သာမာန်မိဘများ သဘောတူရန်အလွန်ပင်ခက်ခဲသော သူနှင့်မြူနှိုင်းဆက်တို့၏ချစ်ခြင်းတရားကိုလည်း နားလည်ပေးသည့်အတွက် ဤအမေမျိုးရသည်မှာ မင်းခတ္တာတစ်ယောက် ကံကောင်းသည်ဟု တွေးမိနေတော့သည်...

"သားကြီးဘာတွေတွေးပြီး ပြုံးနေတာလဲ"

မေမေ့အသံကြားမှ မင်းခတ္တာ၏အတွေးများပြတ်တောက်ကာ မူရင်းခန္ဓာကိုယ်ရှိရာသို့ ပြန်ရောက်လာလေတော့သည်....

"မေမေ့အကြောင်းတွေးပြီး ပြုံးနေတာပါမေမေရ"

"ဟုတ်လား မေမေ့အကြောင်းဘာတွေများတွေးနေတာတုန်းသားရဲ့"

"မေမေက အသက်သာကြီးတယ် ခုထိလှပတုန်းဆိုတာရယ်....မေမေ့ရဲ့တစ်ဦးတည်းသောသားလေးအပေါ် နားလည်ခွင့်လွှတ်ပေးနိုင်တာရယ်ကို တွေးပြီး လေးစားမိနေတာပါ"

"ဪ သားရဲ့အနာဂါတ်ကို သားကိုတိုင်ရွေးချယ်ရမှာလေ...မေမေကဝင်ရွေးချယ်ပေးလိုက်ရင် သားဘဝအတွက် မမျှတသလိုဖြစ်သွားမှာပေါ့....လူရယ်လို့ဖြစ်လာရင်လေ ကိုယ်ပိုင်ရွေးချယ်မှုဆိုတာရှိရတယ် သားရဲ့....

ဒါပေမယ့်အဲ့လိုဆုံးဖြတ်ပြီးရင်လည်း သားနောင်တရနေဖို့မလိုဘူး အရှိကိုအရှိတိုင်းလက်ခံနိုင်ပြီး ရှေ့ဆက်ပြီးဘာလုပ်ရမယ်ဆိုတာကို စိတ်အေးအေးထားပြီး စဥ်းစားတတ်ဖို့ပဲ လိုတာ"

The little bond of the silver Snow [Complete]Where stories live. Discover now