Part:30

1.9K 60 2
                                    


Ep-30

"ပထမဦးဆုံး ဒီကမောင်လေးက ကိုယ့်ကိုကိုယ်မိတ်ဆက်ပေးပါဦး"

"ဟုတ်ကဲ့ ကျွန်တော့်နာမည်က မြူနှိုင်းဆက် ပါဗျ..မြူလို့ခေါ်လဲ ရပါတယ်"

"မြူ့အသက်က ဘယ်လောက်ရှိပြီလဲ"

"၁၉နှစ်ပြည့်ပြီးပါပြီဗျ"

"ဒါဆို မြူနဲ့ပက်သက်တဲ့မေးခွန်းလေး မေးမယ်နော်"

"ဟုတ်...."

"မြူ့ရဲ့ မိဘတွေအကြောင်း သိချင်တာလေးတွေရှိလို့ပါ နည်းနည်းလောက်ပြောပြပေးနိုင်မလား"

"ဒါက ပြောလို့မရဘူးဗျ...မောင့်ရဲ့စိတ်ကို ထပ်ပြီး ကျွန်တော် မွန်းမကျပ်စေချင်ဘူး"ဟု မင်းခတ္တာဝင်ပြောမိလိုက်ခြင်းပင်....

"ရပါတယ် ကိုရဲ့....မောင်အသားကျနေပါပြီ"
"မြူ မွန်းကျပ်နေရင် မမေးတော့ဘူးလေ..."

"ရပါတယ် မြူဖြေပေးပါ့မယ်...ခံစားရတာလည်းပေါ့ပါးသွားတာပေါ့..."

"ဟုတ်ကဲ့ရှင့်"

"မြူ့ရဲ့မိဘနှစ်ပါးက ငယ်ငယ်လေးတည်းက မရှိတော့ဘူး...ဖေဖေက အက်ဆီးဒင့် တစ်ခုကြောင့်ဆုံးသွားခဲ့တာလေ...ဖေဖေက မူးနေတာတဲ့ အရှိန်မောင်းလာတဲ့ကားရှေ့ ယိုင်ကျသွားတာဆိုပဲ...."

''မြူထင်မိလိုက်တာကလေ ဖေဖေက အရက်သောက်ရင်တောင် အရမ်းမူးရူးနေတဲ့ထိ သောက်တာမဟုတ်ဘူးလေ ဒီတော့ ဒါမတော်တဆဖြစ်တာထက် နည်းနည်းရှုပ်မယ် လို့ထင်တယ်..မြူကလည်းငယ်သေးတော့ ဒါတွေ နားမလည်ပါဘူးလေ..."

"ဒါဆို မြူ့ဖေဖေနဲ့မေမေ ဘယ်သူ့ကိုပိုပြီးချစ်လဲ".

"ဖေဖေ့ကို.....ချစ်တယ်..ငယ်ငယ်လေးတည်းက ဖေဖေကပဲ အစစအရာရာ လုပ်ပေးတယ်လေ...မှတ်မှတ်ရရမြူ၄နှစ်အရွယ်လောက်က မှတ်ဉာဏ်ပေါ့...မြူအကြီးအကျယ်ကိုဖျားတာ....

အဲ့တုန်းက ဖေဖေ့ခမျာ ကျွန်တော့ကို သူ့ပုခုံးပေါ်ထမ်းခါးပြီး ကျောပြင်ကို လက်သပ်ပြီး သီချင်းဆိုသိပ်တာ.....".

"ဒါဆို မြူ့ဖေဖေက အဆိုတော်ကြီးပေါ့"

"ဟုတ်တယ် ဟုတ်တယ် အကောင်းဆုံးအဆိုတော်ကိုပြပါဆို မြူငယ်ငယ်က အိပ်ခါနီးတိုင်း ဆိုပြပေးတဲ့ "မိတ္ထီလာကန်တော်အောက်က ဖားကောက်ခဲ့ပါမယ်"သီချင်းကို သံစဥ်မပါ အသံနေအသံထားမပါပဲ ဆိုသိပ်ခဲ့တဲ့ဖေဖေကိုပဲ ပြမိမယ်ထင်တယ်"

The little bond of the silver Snow [Complete]Where stories live. Discover now