1

1.1K 150 4
                                    

Z

သိပ်လှတဲ့ ပန်းပွင့်ငယ်လေးရဲ့ ဒဏ္ဍာရီတစ်ပုဒ်ကို လူတွေက ကြားဖူးကြတယ်။ရှေးခေတ်အခါက နန်းတွင်းမှုးမတ်တို့၏ ခြံအတွင်းမှာ ထိုပန်းလေးကို အလှစိုက်ပျိုးကြတယ်။
ပန်းလေးကို လူတွေကသိပ်လှလို့ ကြိုက်ကြတယ်။

လူအများကြား ပြောလာကြတယ်။
တင့်တယ်တယ်။နူးညံ့တယ်။လှပတယ်။အေးချမ်းတယ်။

ဒါဆိုထိုပန်းလေးကရော အဘယ်သို့ ဖြစ်ပေါ်လာရသလဲ။

ပန်းကလေးကလှတယ်။ဒါပေမယ့် ပန်းကလေးရဲ့ ပုံပြင်လေးကတော့ ၀မ်းနည်းရင်နာစရာသိပ်ကောင်းတာပဲ။



ဂျိုဆွန်းခတ် ပတ်မင်းကြီးအုပ်ချုပ်စဉ်ကာလ~

နန်းတွင်းထဲတွင် အပျိုတော်တို့မှာ ယနေ့အလုပ်ရှုပ်နေရကြသည်။ဒယ်အွန်းတိုင်းပြည်၏ မင်းစိုးစံသူ မင်းကြီးပတ်၏ မနက်ဖြန် ကြင်ယာတော် တော်ကောက်ပွဲအခမ်းအနားကြောင့်သာပင်။

စားဖိုဆောင်တွင် အပြေးအလွှား  အလှုပ်ရှုပ်နေကြရသည်။
အပျိုတော်တွေအပါအ၀င် စားဖိုဆောင်၏ အလုပ်သမားကျေးကျွန်များသည်မှာလည်း အကောင်းဆုံးနှင့် အရသာရှိသော ဟင်းပွဲလွှာများအား တည်ခင်းရန် ကြိုတင်ချက်ပြုတ်ပြင်ဆင်ကြရသည်။

ကြင်ယာတော်အသစ် အင်ဆန်းတိုင်းပြည်၏ မင်းသမီးငယ်
ရှင်းဆယ်ရာအတွက် နန်းဆောင်ရှင်းလင်းဖို့အရာ အပျိုတော်တွေနှင့်အတူ ရေပုံးကိုကိုင်လျက် လျှောက်လာခဲ့သည်။

သူနှင့်ရင်းနှီးသော အပျိုတော်တစ်ယောက်သည် ဖျားနာနေသဖြင့် ကိုယ်စားသွားရန် မိန်းမပျိုအဖြစ် ၀တ်စားဆင်ယင်ကာ အပျိုတော်တွေနောက်မှ လိုက်ခဲ့သည်။

ယောကျာ်းလေးတစ်ယောက်ဖြစ်သည်သော်ငြား နှင်းလိုဖွေးသောအသားအရေ ၊ အမျိုးသမီးများရှုံးအောင် လှပနူးညံ့သော ရုပ်ရည်ရူပကာကြောင့်သာ မိန်းမပျိုအဖြစ် ဟန်ဆောင်ရသည်မှာ လွယ်လွန်းလှ၏။

"အွန်းမီ အဲ့နေရာလေးသန့်ရှင်းလိုက်"

သူခေါင်းတစ်ချက်ညိတ်ပြကာ ထိုအပျိုတော်ပြောကြားသော နေရာကို သန့်ရှင်းရေးစတင်ပြုလုပ်သည်။ကြင်ယာတော်ရှင်း၏ နန်းဆောင်သည် ကျယ်လွန်းလှ၏။ထိုသို့ကြောင့် အပျိုတော်အမြောက်အမြားကတောင် သန့်ရှင်းစေရန် အတော်သန့်ရှင်းရ၏။

𝘽𝘼𝙀𝙆-𝙎𝙊-𝙃𝙒𝘼 [𝘾𝙊𝙈𝙋𝙇𝙀𝙏𝙀𝘿]Where stories live. Discover now