3

658 137 1
                                    

Z

အဲ့နေ့ည။မေ့မရနိုင်ခဲ့သော အတိတ်ည...။
မိဖုရားတင်မြှောက်ပွဲအခမ်းအနားပြီးတဲ့ည။သူနဲ့အရှင့်ရဲ့ မင်္ဂလာဦးည။အဲ့နေ့ညက အရှင်ကသူ့ရဲ့သွေးသားအလုံးစုံကို စားသုံးခဲ့တယ်။

ဘတ်ဆိုဟွာမည်တဲ့ ပန်းလေး အရှင်ထံပါးခြွေယူခံခဲ့ရလေပြီ။
အသွေးအသားကို စိတ်ကြိုက်သုံးဆောင်ခဲ့တယ်။အိပ်ပျော်သွားပြီဖြစ်တဲ့ အရှင့်ရဲ့မျက်နှာကိုကြည့်ပြီး တိတ်တဆိတ်မျက်ရည်ကျနေရသေးသူက သူသည်သာ မလွှဲပေ...။

ကိုရီးယားသမိုင်းရဲ့ ပထမဆုံးသော အမျိုးသားမိဖုရားဖြစ်လာခဲ့တဲ့ ဘတ်ဟျွန်း။အရှင်မည်တဲ့ ဘတ်ဆိုဟွာ။
ယနေ့ကအစ အနောက်နန်းဆောင်မိဖုရား ဖြစ်သွားခဲ့လေပြီ။
သူလိုချင်ခဲ့တာ မိဖုရားဆိုတဲ့ အဆောင်ယောင်အရှိန်အ၀ါတွေမဟုတ်။တစ်ခုတည်းသော အရှင့်ရဲ့ ဂရုစိုက်ကြင်နာမှုတွေသာ။

အရှင်ဟာ သူ့ကိုချစ်ခဲ့သလား။သူ့ဆီရောက်မလာတိုင်သည်မှာ ၂ပတ်တောင်ရှိရော့မည်။တိုင်းပြည်တစ်ပြည်ကို အုပ်ချုပ်နေရသည့် မင်းကြီးတစ်ပါးဖြစ်တာကြောင့် တိုင်းရေးပြည်ရေး ကိစ္စတွေကြောင့် အလုပ်ရှုပ်နေတယ်ဟု တွေးကာ ဖြေသိမ့်ခဲ့ရသည်။

"မိဖုရား အစားလေးတော့ ၀င်အောင်စားပါလား"

အရှင်လာမည့်လမ်းကိုတွေတွေလေးမျှော်ငေးရင်း အပျိုတော်တစ်ယောက်ဆိုလာတဲ့ စကားကြောင့် မသက်သာစွာ ခေါင်းပဲခါမိသည်။အရှင်က သိပ်ဆိုးတာပဲ။ဒဏ်ရာတွေအပြည့်ပေးထားခဲ့ပြီး ဆေးတော့ လာမထည့်ပေးခဲ့ဘူး။

သူ့ရဲ့ပြန်ဖြေလာတဲ့ အမူအရာကြောင့် သူ၏အပျိုတော်လေးများမှာ သက်ပြင်းကိုလေးပင်စွာ ချကြသည်။သူကတော့ မပြောင်းလဲသော အရှင့်၏ သူ့ထံလာရောက်မည့် အချိန်လေးကိုသာ စိတ်ရှည်ရှည်နဲ့စောင့်မိ၏။

အရှင်...ကျွန်တော့်ကို ချစ်ခဲ့ပါသလား။

အကယ်ဆို ကျွန်တော် အရှင့်ကိုအဝေးဂျောင်တစ်ဂျောင်ကနေသာ မျှော်ငေးနေမိတဲ့ဘ၀ကို ပြန်လိုချင်မိတော့တယ်။

"ဟင်းဟင်း အရှင့်ကိုမြူစွယ်ခဲ့လည်း အရှင်က သူ့အလှလေးကိုပဲ မက်မောခဲ့တာ ဟင်း နောက်ဆုံးလည်း အစွန့်ပစ်ခံရတာပဲ"

𝘽𝘼𝙀𝙆-𝙎𝙊-𝙃𝙒𝘼 [𝘾𝙊𝙈𝙋𝙇𝙀𝙏𝙀𝘿]Where stories live. Discover now