Z
"အရှင်စစ်ရေးနိုင်ခဲ့တယ်တဲ့"
အပျိုတော်တွေရဲ့ အချင်းချင်းစကားပြောသံကြောင့် သူထိုင်နေရာမှ ထမိ၏။နေ့နေညည စောင့်ရင်းလွမ်းနေခဲ့ရသူ။
ဒီလူက ၀မ်းသာရုံလေးတင်မှတစ်ပါး အခြားသောပြောစရာမရှိ။
အရှင်... ထိခိုက်ဒဏ်ရာတွေများ ရခဲ့သေးလေသလား။အပျိုတော်တွေကိုခေါ်ပြီး ဘုရင့် နန်းဆောင်ကို အပြေးသွားမိတယ်။မိဖုရားတွေ ကြင်ယာတော်တွေက ဘုရင့်နန်းဆောင်ထဲ သတင်းမေးဖို့ သွားတာကို သူတွေ့လိုက်ရတယ်။
အရှင်...ကျွန်တော်အရှင့်ရဲ့မျက်နှာတော်လေးကို မော်ဖူးချင်လိုက်တာ...။
ကုန်းကုန်းကြီးကို ပြုံးပြပြီး နန်းဆောင်ထဲဝင်မည်လုပ်တော့
နန်းဆောင်တံခါးကပိတ်သွားခဲ့လေချေပြီ။"အရှင်က နောက်ထပ်လူတွေ ၀င်မလာပါနဲ့တော့တဲ့"
ဒီမှာပဲ သူအရုပ်ကျိုးပျက်သလို လဲကျသွားသလို ဖြစ်နိုင်တယ်။
အရှင်ကတစ်ကယ်ပဲ သူ့ကိုမတွေ့ချင်တော့တာကိုး။
ခုနကပြုံးထားတဲ့ အပြုံးနုနုလေးတွေနေရာမှာ နာကျင်နေတဲ့ မျက်နှာလေးက အစားထိုးလာ၏။အရှင်ဒဏ်ရာတွေရခဲ့သေးလားပဲ သူကြည့်ချင်မိတာပါ။
အရှင်ဘာကြောင့်လဲ။မချစ်ဘူးဆိုရင်တောင်
ကျွန်တော့်ကို မျှော်လင့်ချက်တွေပေးပြီး ဒဏ်ရာတွေလာမပေးပါနဲ့တော့။သူအင်အားချိနဲ့စွာ သူ့ရဲ့နန်းဆောင်ကိုပြန်လာခဲ့တယ်။
လမ်းမှာ မျက်ရည်တွေ ဘယ်လောက်များများကျဆင်းခဲ့ပြီးပြီလဲ သူမသိတော့။။သူအခု အခု အရမ်းနာကျင်နေတယ်။
အရှင်ရဲ့လျစ်လျူရှုပြစ်ပယ်ခြင်းကို ခံရတာ သူ့အတွက် လုံးဝကိုအဆင်မပြေဘူး။
အရှင်...။အရှင့်ရဲ့ကိုယ်ပိုင်ပန်းလေးဆို...။
အခုတော့ ပန်းလေးကို ပစ်ပယ်ချင်နေပြီလား။အစကတည်းက ကျွန်တော်တို့တွေ မဆုံးစည်းခဲ့ကြပဲ
တိတ်ဆိတ်စွာ တစ်ဖက်သက်ချစ်ခြင်းတွေနဲ့ပဲ မျှော်ငေးနေခဲ့ရရင် သိပ်ကောင်းမှာပဲ။နာကျင်စရာ ။ရင်ကွဲစရာတွေ မရှိတော့ဘူးလေ အရှင်ရဲ့။
တိုင်းပြည်တစ်ပြည်လုံးကို စောင့်ရှောက်အုပ်ချုပ်တဲ့ အရှင်က
ကျွန်တော်ရဲ့ တစ်ဦးတည်းသာ မြတ်နိုးရသူပါ။
YOU ARE READING
𝘽𝘼𝙀𝙆-𝙎𝙊-𝙃𝙒𝘼 [𝘾𝙊𝙈𝙋𝙇𝙀𝙏𝙀𝘿]
Historical Fictionနန်းဆောင်ထဲက မျက်ရည်တွေမြေခရင် နွန်းဆိုးဟွာ ပန်းတွေပွင့်တယ်... နန်းဆောင်ထဲက မျက်ရည်တွေမြေခရင် နွန်းဆိုးဟွာ ပန်းတွေပွင့်တယ်...