Chapter 6 ( Zawgyi)

3K 135 0
                                    

"ကလစ်"
ရေခဲသေတ္တာတံခါးဟာ ပွင့်သွားပြီး ချန်ကျမ်းဟာ အသင့်စားခေါက်ဆွဲတထုပ်ကို ယူလိုက်လေသည်။ သူ့အဝတ်တွေဟာ ဒီအတိုင်းရှိနေပြီး ဆံပင်ကစွတ်နေတာကြောင့် စိုနေတဲ့အမဲရောင် hoodie ဟာ အေးပုံပေါ်နေလေသည်။ သူဟာ ကျူးကျူးကိုကျောခိုင်းလျက်ပဲ နေရာမှာပဲ ရပ်နေလေသည်။ အဖြူရောင်နံရံကပ်တွေ အဖြူရောင် ရေခဲသေတ္တာ အမဲရောင်မီးဖို အမဲရောင်နဲ့ အဖြူရောင်ကမ္ဘာထဲမှာ တောင့်တင်းတဲ့ အမဲရောင်နောက်ကျောဟာ တသားတည်းလိုမျိုး ဖြစ်နေလေသည်။
သူ့နောက်ကျောကိုကြည့်ရင်းနဲ့ ကျူးကျူးဟာ ထရပ်လိုက်တော့သည်။
"ငါမကွာရှင်းနိုင်ဘူး"
ကျူးကျူးပြောတာကိုကြားပြီး တံခါးကနေဝင်လာကတည်းကနေ ဘာခံစားချက်မှမရှိတဲ့ တခါမှမတွေ့ဖူးတဲ့သူစိမ်းတယောက်လိုမျိုး သူမကိုတချက်တောင်မကြည့်ခဲ့တဲ့ ချန်ကျမ်းဟာ ပထမဆုံးအနေနဲ့ သူမကိုကြည့်လာခဲ့လေသည်။
"ဒီအိမ်ကို မင်းကိုမပေးနိုင်ဘူး"
'အိမ်?' ကျူးကျူးဟာ တခဏလောက် တုံ့ဆိုင်းသွားလေသည်။
စားပွဲပေါ်မှာ ကွာရှင်းစာချုပ်နှစ်စောင်ရှိနေလေသည်။ ကျူးကျူးဟာ ကောက်ယူပြီး အလျင်အမြန်ဖတ်ကြည့်လိုက်လေသည်။ ရေးထားတာကတော့ သူတို့နှစ်ယောက်ရဲ့ အိမ်ထောင်ရေးဟာ အဆင်မပြေတာကြောင့် ကွာရှင်းကြောင်း ရေးထားလေသည်။ ချန်ကုမ္ပဏီရဲ့ ရှယ်ယာအားလုံးဟာ RMB ၅ မီလီယံထက်ပိုလေသည်။ (မြန်မာငွေနဲ့ဆို သိန်း ၁သောင်း ၅ထောင် ၂ ရာ ၂ ဆယ့် ၂ သိန်းလောက်ဖြစ်တယ်။)
နဂိုစာအုပ်ထဲမှာ ရေးထားတဲ့အတိုင်း ချန်ကုမ္ပဏီဟာ ချန်ကျမ်းအဖေပိုင်တာဖြစ်ပြီး ကုမ္ပဏီရောင်းအားဟာ သိပ်မကောင်းပေ။ သူ့အမေသေသွားပြီးနောက် သူ့မိထွေးအိမ်ပေါ်တက်လာကတည်းက အဖေနဲ့သားဆက်ဆံရေးဟာ ပြိုကွဲသွားတော့သည်။ ချန်ကျမ်းဟာ ရှယ်ယာအနည်းငယ်ပိုင်ပြီး သိန်းဆယ်ဂဏန်းအနည်းငယ်ဝင်ငွေရှိလေသည်။
ကျူးကျူး အနည်းငယ်လန့်သွားလေသည်။ ဒီအိမ်ဟာ မြို့ပြနဲ့နီးတဲ့ မီတာ ၁၀၀ တောင်မရှိတဲ့ ပုံမှန်လူနေအဆောက်အဦးဖြစ်လေသည်။ စာအုပ်မှာဖော်ပြထားတဲ့အတိုင်းဆို အမြင့်ဆုံးဈေးဟာ သိန်း ၃၀ ထက်တောင်မပိုပေ။ 'ချန်ကျမ်းဟာ သူမကို ဒီလောက်တောင်ပေးမလို့လား?'
(အိမ်ထက်ပိုတန်ဖိုးကြီးတဲ့ ရှယ်ယာတွေပေးတာပါနော် ရှုပ်သွားမှာစိုးလို့)
နဂိုပိုင်ရှင်ဟာ ချက်ချင်းကွာရှင်းဖို့လက်ခံလိုက်တာ အံ့သြစရာမရှိပေ။
စာအုပ်ထဲမှာ ပြောထားတာကတော့ နဂိုပိုင်ရှင်ဟာ ချန်ကျမ်းပေးတာတွေကို အရမ်းကျေနပ်တာကြောင့် သူမဟာ သူ့အတွက် ဘောပင်တောင် ယူပေးလိုက်လေသည်။ အစမှာတော့ ဇာတ်လိုက်မဟာ ချန်ကျမ်းကို လက်ထပ်ဖို့ပဲ စဉ်းစားနေပြီး နဂိုပိုင်ရှင်ယူသွားတဲ့ သိန်းဆယ်ဂဏန်းအနည်းငယ်ဟာ ပုံမှန်လူတယောက် တဘဝလုံး အေးအေးချမ်းချမ်းနေလို့ရလောက်အောင် လုံလောက်တယ်လို့ တွေးနေခဲ့သည်။
ကျူးကျူးဟာ စာချုပ်ကို ပိတ်လိုက်ပြီး ခေါင်းခါရင်း " ငါ နင်ပေးတဲ့ ငွေတွေရော အိမ်ကိုရော ပြောနေတာမဟုတ်ဘူး။ ငါနင်နဲ့ မကွာရှင်းဘူး"

ဒုတိယဇာတ်လိုက်ရဲ့ ဇနီးဟောင်းအဖြစ်သို့ ကူးပြောင်းလာခြင်းWhere stories live. Discover now