Chapter 55 (Unicode)

3.4K 423 3
                                    

ကျူးကျူးနဲ့ အရင်းနှီးဆုံးတခုကတော့ အပေါ်ထပ်စင်မှာရှိနေတဲ့ "မင်းသားလေး" စာအုပ်ပဲဖြစ်သည်။ ချန်ကျမ်းလည်း ဒီလိုစာအုပ်ဖတ်ရတာကြိုက်မယ်လို့ ကျူးကျူးမထင်ခဲ့ပေ။ သူမပတ်ကြည့်လိုက်ပြီး ချန်ကျမ်းကုတင်ဆီကို ပြန်လာကာ သူ့နှဖူးကို ပုဝါနဲ့ပြန်ရေပတ်တိုက်ပေးလေသည်။ 

ကုတင်ပေါ်မှာလဲနေတဲ့ ချန်ကျမ်းဟာ ရုတ်တရက် ကျူးကျူးလက်ကောက်ဝတ်ကို ကိုင်လိုက်သည်။

အလောင်းလိုမျိုး ရုတ်တရက် ဒီလိုတုံ့ပြန်မှုက ကျူးကျူးကို ထိတ်လန့်သွားစေသည်။ "နင်ဘာလုပ်တာလဲ!!"

သူ့လက်ဟာ အားသန်ပြီး ကျူးကျူးလက်ကောက်ဝတ်ကို တင်းကျပ်စွာဆုပ်ကိုင်ထားလေသည်။ သူ့လက်ဖဝါးရဲ့အပူချိန်ဟာ အရမ်းမြင့်နေပြီး သူ့လက်ချောင်းတွေဟာ ကျူးကျူးရဲ့သေးသွယ်တဲ့ လက်ကောက်ဝတ်ကို ဆုပ်ကိုင်ထားနိုင်တာထက်တောင် ပိုနေသေးသည်။ ကျူးကျူးအနည်းငယ်ကြောင်နေပြီး ချန်ကျမ်းဘာလုပ်ချင်နေတာမှန်းမသိပေ။

အဲဒီအချိန်မှာ ချန်ကျမ်းဟာ သူ့မျက်လုံးကို ဖြေးညင်းစွာဖွင့်လိုက်သည်။

သူကျူးကျူးကိုကြည့်လိုက်ပြီး သူ့ရဲ့ရှည်လျားသေးသွယ်တဲ့ မျက်ဝန်းတစုံဟာ အမျိုးမျိုးသော ခံစားချက်တွေနဲ့ ပြည့်နေပုံရပြီး ကျူးကျူးသူတို့ကို အဓိပ္ပာယ်မဖော်နိုင်ပေ။

"ငါ....."

ကျူးကျူးရင်တုန်စွာနဲ့မေးလိုက်သည်။

"ဘာလဲ?"

"ငါ....ဖက်ထုပ်စားချင်တယ်" သူ့အသံက ဩရှနေပြီး သူစကားအနည်းငယ်ပြောနိုင်အောင် ကြိုးစားပြီးတော့ သူ့အားအင်တွေ ကုန်ဆုံးသွားတော့သည်။

ကျူးကျူး ။ "......"

ချန်ကျမ်းတခဏလောက် တွေးလိုက်ပြီး ထပ်ပြောလိုက်သည်။ "သိုးသားအစာသွပ်ထား....."

သူ့စကားလုံးတွေဟာ ချက်ချင်းဖြတ်ပြောခံလိုက်ရသည်။

"အဖျားရှိနေတာကို သိုးသားက စားချင်နေသေးတယ်၊ နင်နေရာမှာတင် သေသွားချင်လို့လား !"

ကျူးကျူးအထင် ချန်ကျမ်းက သူမကို ဒေါသထွက်အောင် တမင်လုပ်နေတာလားလို့တောင်ထင်မိသည်။

တဖက်မှာ ချန်ကျမ်းကတော့ စိတ်ပျက်သွားသည်။

"ဒါဆိုရင်လည်း ပုဇွန်ဖက်ထုပ်လေး"

ကျူးကျူး အသံကိုတိုးကာမေးလိုက်သည်။ " နင်......တုတ်စာမိချင်နေတာလား?"

.......

ချန်ကျမ်းဟာ သူလိုချင်တဲ့ ဖက်ထုပ်တော့မရခဲ့ပေမဲ့ ကျေနပ်ဖွယ်ဆန်ပြုတ်ရယ်၊ ကြက်ဥမကျက်တကျက်နဲ့ လန်းဆန်းစေတဲ့အရံဟင်းအနည်းငယ် စားလိုက်ရသေးသည်။

ကျူးကျူး သူအားပြန်ပြည့်လာတာကို ကြည့်နေရင်း သူ့နှဖူးကအပူချိန်တဖြည်းဖြည်းလျော့ကျလာမှ သူမစိတ်ကို လျော့ချနိုင်လိုက်တော့သည်။

ချန်ကျမ်းညစာစားနေတဲ့အချိန်ကို အသုံးချပြီး ကျူးကျူး ကြူဝေရဲ့အကြံကို တွေးမိကာ သူမမေးကို ဖြေးဖြေးချင်မော့လိုက်ပြီး ဂရုတစိုက်နဲ့မေးလိုက်သည်။ "ဟို... နင် အနာဂတ်မှာ နင့်အဖေကုမ္ပဏီကို အမွေဆက်ခံမှာလား?"

'သူမတည့်တိုးကြီးမေးလိုက်တာကို ခွင့်လွှတ်ပါ၊ ငါတို့နှစ်ယောက်က လင်မယားလိုဆက်ဆံရေးမဟုတ်တော့လေ'

ချန်ကျမ်းဟာ ဆန်ပြုတ်ကို မွှေနေရင်း တည်ငြိမ်တဲ့လေသံနဲ့ ပြန်ဖြေလိုက်သည်။ "ဟင့်အင်း"

ကျူးကျူးသက်ပြင်းချလိုက်သည်။ 'နင်တကယ် အသေစောမဲ့ကောင်ပဲ၊ အကုန်လုံးက အိမ်ရှေ့တံခါးတောင် ဓားမြလာတိုက်နေပြီ၊ နင်ကတုတ်တုတ်တောင်မလှုပ်ဘူး"

သူမတခဏတိတ်ဆိတ်သွားသည်။

ကျူးကျူးအထင်က ကွာရှင်းမဲ့ရက်ကရောက်လာမှာကြာဦးမယ်လို့ပေါ့၊ ဒါပေမဲ့ အဲဒီရက်က သူမတွေးထားတာထက်ပိုစောပြီးရောက်လာသည်။

ဒုတိယဇာတ်လိုက်ရဲ့ ဇနီးဟောင်းအဖြစ်သို့ ကူးပြောင်းလာခြင်းWhere stories live. Discover now