Chapter 35(Unicode)

3.9K 453 9
                                    

"နင်သူ့အိမ်ကို ထပ်လိုချင်နေပြန်ပြီလား။ ငါနင့်ကို ပြောထားတယ်မလား နင်ရှယ်ယာတွေရရင် ငါ့ဆီလွှဲပေးပြီးသွားရင် ငါနင့်ကို အိမ်နှစ်လုံးပေးမယ်လို့။ နင်သေချာရွေး။ နှစ်ခုလုံးကို လိုချင်နေလို့တော့ ရမှာမဟုတ်ဘူး!!!"

ကျူးကျူးစိတ်ထဲမှာတော့ လေအေးတချက်ဖြတ်သွားပေမဲ့ အပြင်ပန်းမှာတော့ မလန့်သွားပုံပေါက်နေသည်။

သူမအကြည့်လွှဲလိုက်ပြီး  ပြောလိုက်သည်။ " ငါ အခုထိမတွေးကြည့်ရသေးဘူး "ကြူဝေဟာ စိုးရိမ်ပူပန်စွာနဲ့ ကျူးကျူးလက်ကောက်ဝတ်ကို ဖမ်းဆွဲလိုက်သည်။ သူမရဲ့အရောင်တူလက်သည်းတွေဟာ ကျူးကျူးရဲ့ နူးညံ့ပြီး ဖြူဖွေးနေတဲ့ အသားကို တင်းကျပ်စွာနဲ့ ဆုပ်ကိုင်ထားတာကြောင့် ကျူးကျူးအနည်းငယ်တွန့်သွားသည်။

ကြူဝေရဲ့အမူအရာဟာ အလွန်ရုပ်ဆိုးနေသည်။" ငါ့ကို လှည့်စားဖို့မစဉ်းစားနဲ့။ နင်မှတ်ထားဖို့က နင့်မှာမှီခိုရမဲ့ အဖေရော အမေရော ရှိတာမဟုတ်ဘူး။ ငါ့ကြောင့်သာမဟုတ်ရင် နင်ချန်ကျမ်းကို လက်ထပ်နိုင်ခဲ့မှာတောင်မဟုတ်ဘူး။ သူနင့်ကိုကြိုက်လာမယ်လို့ထင်နေရအောင် နင်မတုံးနေဖို့ကောင်းတယ်။ ငါနင့်ကိုပြောမယ်။ ဒီအိမ်ကြောင့်သာ သူနင့်ကိုလက်ထပ်ဖို့သဘောတူလိုက်တာပဲ!!!!!"

"အဲဒီအိမ်က သူ့အမေရဲ့တခုတည်းသော အမွေပစ္စည်းပဲ ဒါကြောင့် အိမ်မက်မက်မနေနဲ့တော့!!!!!!"

"......"

ကျူးကျူးဟာ သူမရဲ့ပဲစေ့ဖောက်သလိုမျိုး အဖြစ်မှန်ကိုရှင်းပြနေတာကို နားထောင်ပြီး ချန်ကျမ်းဟာ နဂိုပိုင်ရှင်ကို ဘာကြောင့်လက်ထပ်တာလဲဆိုတာကို သဘောပေါက်သွားသည်။

"အတိုချုံးပြောရရင် နင်ငါခိုင်းတာကို သေချာလုပ် ထပ်ပြီးမမိုက်မဲနဲ့တော့"

ကျူးကျူးတီးတိုးရေရွတ်‌နေလိုက်သည်။

ကြူဝေဟာ သူမကို ခါးသီးစွာနဲ့စိုက်ကြည့်နေသည်။' ချန်ကျမ်းရဲ့ရှယ်ယာတွေအတွက် သူမနှစ်ပေါင်းများစွာ ဒီနေ့အတွက် အစီအစဉ်ချလာတာကို ဘယ်လိုလုပ် ကျူးကျူးကြောင့် ပျက်စီးသွားစေရမှာလဲ?'

လက်ကောက်ဝတ်က အရမ်းနာလာတာကြောင့် ကျူးကျူးဟာ ပင်ပန်းလာသည်။ သူမသိလိုက်တာက သူမလုံခြုံစိတ်ချရတဲ့အမျိုးသမီးပါတနာမဖြစ်ချင်ဘူးဆိုတာပဲ။

'ဝံပုလွေနဲ့ကျား အေးအေးချမ်းချမ်းနဲ့ပျော်ပျော်ရွှင်ရွှင်ဘဝနေချင်ရင် နည်းလမ်းရှာဖွေရမယ်'

ရှက်စဖွယ်တွေ့ဆုံပွဲပြီးနောက် ကျူးကျူးနဲ့ချန်ကျမ်းဟာ ထုံးစံအတိုင်းရန်ဖြစ်ကြသည်။ လေပြင်းအေးဟာ သူမရဲ့ဆံနွယ်ရှည်တွေကို ဖြတ်ကျော်သွားသည်။ နှစ်ယောက်ဟာ လမ်းတလျှောက်လုံးတိတ်ဆိတ်စွာနဲ့ အိမ်ဆီရောက်လာခဲ့သည်။ ကျူးကျူးဟာ လှေကားကို ခြေမချခင်မှာပဲ ရုတ်တရက်နောက်ကိုလှည့်လိုက်ပြီး ချန်ကျမ်းရဲ့မျက်လုံးတွေကို တည့်တည့်စိုက်ကြည့်လိုက်သည်။

နှစ်ယောက်ဟာ အဲနေရာမှာတင် ရပ်နေကြသည်။

ကျူးကျူးအထင် ဒီနေ့အဖေချန်ပြောခဲ့တာတွေကို အစပြန်မဖော်ချင်ဘူးထင်တယ်။ ချန်ကျမ်းရဲ့ ရှုပ်ထွေးနေတဲ့အကြည့်အောက်မှာပဲ ကျူးကျူးဟာ သူမဆံပင်ကို စိတ်ရှုပ်စွာနဲ့ ဖွလိုက်သည်။


ဒုတိယဇာတ်လိုက်ရဲ့ ဇနီးဟောင်းအဖြစ်သို့ ကူးပြောင်းလာခြင်းWhere stories live. Discover now