🌼7🌼

330 48 3
                                    

Unicode

ပါးဖောင်းဖောင်းလေးတွေကို
အမြစ်တွယ်ယာ..။

သူမရဲ့နှုတ်ခမ်းတစ်စုံနဲ့
ဆီးကြိုရာ..။

လက်ချောင်းလေးတွေနဲ့ ထိတွေ့ယာတိုင်း..
ကျွန်မအတွက်တန်ဖိုးမဖြတ်နိုင်။

ခုန်ပေါက်ပြေးလွှာတော့မယ် ငန်းဖြူလေးလို
ဒေစီပန်းခင်းကြီးထဲမှာ..မင်းနဲ့ကိုယ်..

နှစ်ဦးတည်းပြည့်စုံသော်လည်း...
ကလေးထွန်းကားပြန်တော့ သုံးဦးတည်တဲ့
မိသားစုဘ၀။

ကိုယ့်ရဲ့ဂီတာသေးသေးလေးနဲ့ မင်းအိပ်မောကျသည်ထိ ကိုယ်ချော့မြူပါ့မယ်..။

ကလေးထက္မင်းက ပိုအရေးကြီးတယ်မဟုတ်လား!!

"Lisa yaaa..."

ဒါငဂျစ်လေးရဲ့အသံပဲ။
ရောက်လာပြန်တော့လည်း ညကြီးမိုးနက်ချိန်။အပြစ်လည်းမဆိုရက်..။တံခါးကိုသာအပြေးအလွှားသွား‌ဖွင့်ပေးဖို့ပြင်ရမည်။စာအုပ်လေးကိုပိတ်လိုက်ပြီး ဗီရိုအအောက်ထက်ကအံ့ဆွဲလေးထဲတွေထည့်သိမ်းလိုက်သည်။

"Yaaa lalisaမလာသေးဘူးလား.."

ပြတင်းပေါက်တံခါးကို ခဲလံုး‌ေသး‌ေသး‌ေလး‌ေတွနဲ့ထုနေတဲ့သူမကြောင့် သူမစိတ်တိုနေသည်ဆိုတာကို သိလိုက်ရသည်။
အိုးး..ဒီကလေးငယ်စိတ်တိုရင် သိပ်ချစ်ဖို့ကောင်းတာ။ပိုပြီးမြင်မြင်တွေ့ချင်လှပြီ။

Lisa
"နင်‌ရန်ဖြစ်လာပြန်ပြီလား..."

ဆံပင်ကိုဖရိုဖရဲစည်းပြီး မထိရက္မကိုင်ရက် တန်ဖိုးထားရသော နူနူညံ့ညံ့ပါးဖောင်းဖောင်းလေးပေါ်က အခြစ်ရာ‌လေးတစ်ခု။

Jennie
"ဆေးလိပ်ရှိလား.."

Lisa
"ငါမှမသောက်တာ ဘလိုရှိမှာလဲ.."

Jennie
"အိမ်တံခါးသွားပိတ် ငါနဲ့အပြင်သွားရအောင်"

Lisa
"ဒီချိန်ကြီးလား တစ်နာရီကျော်နေပြီနော်"

Jennie
"ငါ့ကိုပိုစိတ်တိုအောင်မလုပ်နဲ့နော်Lisa"

တွန့်ချိုးသွားမျက်ခုံးလေးတွင် မလွန်ဆန်နိုင်လို့ တောင်းပန်ပါတယ်အမေရေ။
အမေ့သမီးက "ဂျဲန်းနီဂင်" ဆိုတဲ့မိန်းကလေးရဲ့ စကားကိုနားထောင်ရမှ စား၀င်၊အိပ်ပျော်တဲ့လူမျိုးမလို့ပါအမေ။

🌼အနက်ရောင်ဒေစီ🌼Where stories live. Discover now