7

14.3K 2.1K 145
                                    

{Unicode}

"မင်းပြန်ပေးဆပ်ရမှာကကိုယ်ပဲ(တစ်)"


(အရှေ့ပိုင်းရဲ့ Audio drama cut လေးကို Media photo မှာထည့်ထားတယ်နော် ^^)

ရန်ကျားလိသည် နိုးလာသောအခါ မှန်ကိုကြည့်ရင်း သူ့အသိစိတ်များသည် ဆင်ခြေတုံတရားထဲ နစ်မြှုပ်သွားသည်။

နီရဲပြီးရောင်ကိုင်းနေသည့် မိမိ၏ နှုတ်ခမ်းကိုကြည့်ရင်း သူစိတ်မပျော်တော့ပေ။

အရက်သောက်မိတာမှားတယ်၊ အရက်သောက်လိုက်မိတာ တကယ်ကိုမှားတယ်။

အရက်မူးပြီး ယဲ့ထင်နဲ့တောင် နမ်းမိလိုက်သေးသည်။ သောက်ရမ်းကြီးကို ဆိုးရွားလိုက်တာ!!!

သူသည် ပါးစပ်ထဲသို့ အရက်ဝင်သွားသည်နှင့် စိတ်ကူးယဥ်ဆန်လွန်းသည့် အနုပညာရှင်၊ စာပေပညာရှင်များတောင်မှ လက်သင့်မခံနိုင်သည့် အံ့သြထိတ်လန့်စရာ အရူးအနှမ်းကိစ္စများကို  ပြုလုပ်တတ်သူမှန်း ကိုယ့်ကိုကိုယ်သိရဲ့သားနှင့် အရက်ကိုသောက်မိသည်။

ဥပမာပြောရမည်ဆိုလျှင် သူ တက္ကသိုလ် တတိယနှစ်တုန်းက သူငယ်ချင်းများနှင့် မူးရူးအောင်သောက်ပြီး အဆောင်သို့ ​ပြန်ရောက်လာသောအခါ ဘာကြောင့်ရယ်မသိ အဆောင်အောက်က မီးခိုရောင်အမွှေးရှိသော ခွေးကလေးကို ယဲ့ထင်ဟု ထင်မှတ်သွားသည်။

သို့နှင့် သူသည် အကျိုးသင့် အကြောင်းသင့် မစဥ်းစားတော့ဘဲ ထိုခွေးကြီးကို ဆွဲကိုင်ထားကာ လင်မယားအရာမြှောက်အောင် အပြန်အလှန် ဂါရဝပြုတာမျိုးပင် လုပ်လိုက်သေးသည်။ 

ရန်ကျားလိအပေါ် တစ်ခါမှမျက်နှာထားတင်းတင်းနှင့် မဆက်ဆံဖူးသည့် ယဲ့ထင်သည် ထိုကိစ္စကိုသိသွားသောအခါ မျက်နှာမဲကြီးနှင့် နှစ်ရက်လောက် ရန်ကျားလိကို စကားမပြောတော့ပေ။

ခွေးလေးကတော့ ထိုအဆောင်ကိုဖြတ်လျှင် အမြှီးထောင်ပြီး ပြေးသွားလိုက်တာ လှည့်ကိုမကြည့်တော့ပေ။ သန့်ရှင်းစင်ကြယ်မှုကို အစွန်းအထင်းမခံနိုင်သည့်အတိုင်း။

ရန်ကျားလိသည် သူ၏ပါးစပ်ကို အဝတ်စိုတစ်ခုနှင့် သုတ်လိုက်သောအခါ နှလုံးသားထဲ၌ အနည်းငယ်ခါးသီးသွားသလို ခံစားလိုက်ရသည်။

ရည်းစားဟောင်းက ငါ့ကိုမျက်စိကျနေပြန်ပြီ (ဘာသာပြန်)Where stories live. Discover now