[53.2]

1.6K 339 7
                                    

[Unicode]

အခန်း(၅၃.၂):ကျွန်တော့်အိမ်ကို မလာနဲ့ နှင့် မ​မျှော်လင့်ထားသည့် အလှည့်အ​ပြောင်း

[အပိုင်း-၂]

ဆုနိုသည် ပင်ပန်းနွမ်းနယ်မှုမရှိဘဲ အိပ်ရာပေါ်တွင်လဲလျောင်းနေသည်။ ဘာကြောင့်လဲဆိုတော့ သူ
မစ္စတာဒါရိုက်တာဆီကို စာပို့ရမလား?မပို့ရဘူးလား?ဆိုတာကို ဝေခွဲမရ ဖြစ်​နေလို့ပါပဲ။

အား!!တကယ့်ကို စိတ်ရှုပ်စရာပဲ!

သူ ဆယ်မိနစ်လောက် ယောက်ယက်ခတ်​နေပြီးနောက် ကျုံးလီဖုန်းပိုင်ကို ဖုန်းခေါ်ဖို့သာ ဆုံးဖြတ်လိုက်တော့သည်။ ညဥ့်ဦးယံမှာ ရင်ဖွင့်စကား​တွေ ပြောဖို့က သင့်​တော်တယ်လေ!

"ဟဲလို....နိုနို" ဒါရိုက်တာကျုံးက အလွန်ပင် လျင်မြန်စွာ ဖုန်းကိုင်လိုက်သည်။
မုချိုးသည် သူ့နံဘေးမှာ လည်ပင်းကိုဆန့်၍ သူတို့စကားပြောဆိုနေသည်ကို ကြားနိုင်ရန် ကြိုးစားနေသည်။ တကယ့်ကို မ​တော်မတရားလုပ်မယ့်သူလိုပင်။

စိတ်ပျက်စရာမျက်နှာဖြင့် ဒါရိုက်တာကျုံး သူ့ခေါင်းကို တွန်းဖယ်လိုက်သည်။မစ္စတာမုက အလွန်ပင် စိတ်လှုပ်ရှားသွားသည်။

"ဟုတ်တယ်...... ငါ။ " ဆုနို စောင့်​အောက်ထဲက​နေ ပြောလိုက်သည်။  "မင်းဘာလုပ်တာလဲ?" သေး​သေးမွှားမွှားစကားလေး​တွေနဲ့ စလိုက်တာက စကားလမ်း​ကြောင်းပြောင်းဖို့ နည်းလမ်းကောင်းတစ်ခုပဲ!

"ငါ ညကောင်းကင်ကို ကြည့်နေတာ " ကျုံးလီဖုန်းပိုင်က အနုပညာရှင်တစ်ယောက်လို ပြောလိုက်သည်။
မုချိုး စိတ်ထဲမှာ အထွန့်တက်လိုက်သည်။ သူနှင့်အတူ checkers(ချက်ပြားဂိမ်း-ကိုယ်​တွေဘက်မှာ​တော့ အာ့လိုပဲ ခေါ်ကြတယ်) ကစားနေတာ ရှင်းနေတာကို။ ဒါပေမယ့် သူ ဒါကိုရှင်းရှင်းလင်းလင်း ထုတ်ပြီး​တော့ မပြောနိုင်ပါဘူး!

"........"

"ငါမင်းကို မေးစရာရှိတယ်။ " ဆုနို စိတ်ကို ငြိမ်​အောင် လျှော့ထားလိုက်ပြီး​တော့ ၎င်းအား တိတ်တိတ်ဆိတ်ဆိတ်နေရန် သေချာစေခဲ့သည်။

"ဘာလဲ?" ကျုံးလီဖုန်းပိုင်က မုချိုး၏ခေါင်းကိုအတင်းတွန်းဖယ်ရင်း - ခေါင်းကိုလာမှီဖို့မကြိုးစားနဲ့။ နှာဘူး​ကောင်!

ဖက်ရှင်ကျသည့် မစ္စတာ ||မြန်မာဘာသာပြန်||Where stories live. Discover now