[53.4]

1.7K 329 2
                                    

[Unicode]

အခန်း(၅၃.၄):ကျွန်တော့်အိမ်ကို မလာနဲ့နှင့် မ​မျှော်လင့်ထားသည့် အလှည့်အ​ပြောင်း

[အပိုင်း-၄] ခွေး ဝင်တိုက်ခံရခြင်း နှင့် ဖားမင်းသား​လေး

ကျုံးလီဖုန်းပိုင်သည် အနားယူဖို့ လိုအပ်တာမို့ ရိုက်ကူးရေးကိုနောက်ဆုတ်ခဲ့သည်။

ဒါရိုက်တာရဲ့လက်ထောက်က လူတိုင်းကို ဒါရိုက်တာကျုံးဆီကို ခွေးတစ်ကောင်က ပြေးလာခဲ့ပြီး သူ့ခါးကိုထိခိုက်စေခဲ့တဲ့အတွက် သူတစ်ရက်နားရမယ်လို့ အ​ကြောင်းကြားခဲ့သည်။

"........."

"မင်းနောက်ကို ခွေးတစ်​ကောင် အလိုက်ခံရတယ်ဆိုတာ ဘာကိုဆိုလိုတာလဲ? " မုချိုး ခံစားချက်မျိုးစုံဖြင့်မေးခွန်းထုတ်လိုက်သည်။

"ခင်ဗျားပါးစပ်ပိတ်ထား!" ကျုံးလီဖုန်းပိုင် ဒေါသတကြီးပြောလိုက်သည်။  ခင်ဗျား ထပ်ထိရဲ ထိကြည့်လိုက်!

ဆုနို ထိုသတင်းကိုကြားပြီးနောက် သူအနည်းငယ်စိတ်ပူသွားပြီး ဖုန်းခေါ်လိုက်​သော်လည်း ဖုန်း​ခေါ်ဆို၍ မရ​ကြောင်းသာ ကြား​နေရသည်။

"ဒါရိုက်တာကျုံးက တကယ် ပြင်းပြင်းထန်ထန်ပဲ ထိခိုက်သွားလို့များလား? " ဒိုင်အန်း ဝေခွဲမရပင်။

ဆုနို ဒီတခါတော့ မုချိုးဆီကို ဖုန်းထပ်ခေါ်လိုက်သည်။ မုချိုးကတော့ မြန်မြန်ဆန်ဆန်ပဲ ကိုင်လိုက်သည်။

"ဒါရိုက်တာကျုံးက ဘာဖြစ်တာလဲ? " ဆုနို မေးလိုက်သည်။

"ဘာမှမဖြစ်ပါဘူး။ အဖျားအနည်းငယ်လောက်ပါပဲ" ကျုံးလီဖုန်းပိုင်က အိပ်ပျော်နေသောကြောင့် မုချိုးသည် ဖုန်းကို ဝရံတာဘက်သို့ ထွက်ကာ ပြောလိုက်သည်။

"ခွေး အတိုက်ခံရတာကို အဖျားတက်တာလား?" ဆုနို တကယ်ကို နားမလည်နိုင်ဖြစ်ရသည်။

မုချိုး မနည်းသည်းခံပြီး ဖြေလိုက်သည်။ "အင်း ... သူကြောက်သွားတာ​ကြောင့်လည်း ဖြစ်ကောင်းဖြစ်နိုင်တယ်"

"ဒါဆို ခွေးအကြီးကြီးပဲဖြစ်ရမယ်" ဆုနို ယုံကြည်မှုရှိရှိဖြင့် ပြောလိုက်သည်။

ဖက်ရှင်ကျသည့် မစ္စတာ ||မြန်မာဘာသာပြန်||Where stories live. Discover now