[53.5]

1.7K 326 3
                                    

[Unicode]

အခန်း(၅၃.၅):ကျွန်တော့်အိမ်ကို မလာနဲ့နှင့် မ​မျှော်လင့်ထားသည့် အလှည့်အ​ပြောင်း

[အပိုင်း-၅] OOC နှင့် အလုပ်အတူ တွဲလုပ်ချင်တာလား?


"ဝမ်းကွဲအစ်ကို "  မိုင်ခယ့်က အခန်းအပြင်ဘက်မှာ တစ်ချိန်လုံး သူ့ကို စောင့်​နေတာဖြစ်ပြီး ချိုးကျီယန် ဓါတ်​​လှေကားက​နေ ထွက်လာတာကို မြင်​တော့ မတ်တပ်ထရပ်လိုက်သည်။ " ဘာလို့ ဒီ​လောက်ကြာ​နေရတာလဲ?"

"လမ်းပိတ်​နေလို့ " မစ္စတာချိုးက ထန်​ရှောင်းယွီကို သူ့​ဘေးနား ဆွဲကပ်လိုက်ပြီး ပြောလိုက်သည်။ "ဟုတ်တယ်မလား?"

ထန်​ရှောင်းယွီ သူ့ကို ဆက်​ပြောချင်စိတ်မရှိ​တော့တာမို့ သူ့လက်​ကေ့ချ်ကိုသာ နား​နေခန်းထဲကို ဆွဲသွားလိုက်တော့သည်။

သူက မျှော်လင့်ချက်မရှိ​တော့ဘူးပဲ!

နေရာအကန့်အသတ်​ကြောင့် ပွဲစီစဥ်သူ​တွေအ​နေနဲ့  အထူးဧည့်သည်​တွေအတွက် နား​နေခန်း တစ်ခန်းထဲကိုသာ ပေးထား​လေသည်။ ချိုးကျီယန် အခန်းထဲကိုဝင်လာ​တော့ ဆုနိုက သူ့ရဲ့ဖုန်းကို အံ့သြနေတဲ့အမူအယာမျိုးဖြင့် ကြည့်​နေတာကို တွေ့လိုက်ရသည်။

"မင်း ဘာ​တွေကို ကြည့်​နေတာလဲ?" ချိုးကျီယန် သိချင်စိတ်နဲ့ ချောင်းကြည့်​လိုက်သည်။

"အား!" ဆုနို လန့်လွန်းလို့ ဖုန်း​တောင် လွှတ်ချလို့မတက်ဖြစ်သွားသည်။

"မင်းကို ခြောက်မိသွားတဲ့အတွက် တောင်းပန်ပါတယ်" ချိုးကျီယန် ငိုချင်သလို ရယ်ချင်​နေသလို မျက်နှာထားဖြင့် တောင်းပန်လိုက်သည်။

"...ရပါတယ်" ဘယ်လိုလုပ် အဆင်​ပြေရမှာလဲ!! ဆုနို သူ့စိတ်ထဲက​နေ ဟိန်း​ဟောက်လိုက်သည်။

မေးခွန်း: ကြွက်သား​ကောင်ထက် စိတ်ရှုပ်စရာ​ကောင်းတဲ့ အရာက ဘာလဲ?
အ​ဖြေ: ခိုး​ကြောင်ခိုးဝှက်​နဲ့ ကြွက်သား​ကောင်!

ထန်ရှောင်းယွီသည် ချိုးကျီယန်နောက်မှာ မတ်တပ်ရပ်​နေတာ ဖြစ်ပြီး သူက နှုတ်ဆက်တဲ့အ​နေနဲ့ ပြုံးပြလိုက်သည်။

ဖက်ရှင်ကျသည့် မစ္စတာ ||မြန်မာဘာသာပြန်||Where stories live. Discover now