[54]

1.7K 356 7
                                    

[Unicode]

အခန်း(၅၄):တစ်ဝိုင်းဧည့်ခံမယ် နှင့် ကိုယ် သဝန်တိုတယ်

ဆုနိုသည် ချိုးကျီယန်နှင့်သီးသန့်မဆက်ဆံလိုသော်လည်း သူ၏အစ်ကိုဖြစ်သူရဲ့ တာဝန်ပေးထားမှုကြောင့် သူ့ကို ဒိုင်အန်းက ပွဲကျင်းပရာခန်းမကို ခေါ်မသွားခင် အချိန်ကြား​လေးမှာ ရသ​လောက် အချိန်ယူ​စဥ်စားနေသည်။

"ဘာဖြစ်လို့လဲ?" မန်နေဂျာက မေးလိုက်သည်။

"ဒီည ချိုးကျီယန်ကို ညစာစားဖို့ ဖိတ်လိုက်ရင် ထူးဆန်းတဲ့ပုံ ပေါ်သွားမလား? " ဆုနို၏မျက်နှာသည် 囧 ပုံ​လေးဖြင့် ပြည့်နေသည်။

ဒိုင်အန်း သူ့ရဲ့စကားတွေကိုကြားလိုက်ရပြီး​နောက် အံ့သြထိတ်လန့်သွားတော့သည်။ "မင်းက ဘာလို့ ချိုးကျီယန်ကို ထမင်းစားဖို့ဖိတ်ချင်ရတာလဲ?" သူက ချိုးကျီယန်ကို 'abs ပျောက်ကွယ်​စေနိုင်တဲ့ အဆိပ်' ကို ခတ်ချင်​နေလို့များ,အခွင့်အရေးကိုယူဖို့ ကြိုးစားနေတာလား?

ဒါက အလွန်ပင်တုံးအသည်ဟုထင်ရသော်လည်း ဆုနို၏တွေးခေါ်နိုင်စွမ်းအပေါ် အခြေခံကျကျ​​တွေးကြည့်မယ်ဆိုရင်  လုံးဝဖြစ်နိုင်သည်။ ထို့ကြောင့် ဒိုင်အန်း ဆုနို ၏လက်ကိုတင်းကျပ်စွာ ဆုပ်ကိုင်လိုက်သည်။ "မင်းစိတ်အေးအေးထားရမယ်နော်!"

"ငါစိတ်မထိန်းနိုင်တော့ဘူး " ဆုနိုသည် ချိုးကျီယန်လို​ လူမျိုးက တကယ့်ကိုစိတ်အနှောင့်အယှက်ဖြစ်စရာ​ကောင်းတယ်လို့ခံစားခဲ့ရသည်။ ဒါပေမယ့်လည်း သူကသူ့အစ်ကိုကြီးကို မလွန်ဆန်နိုင်သည့်အတွက် လိမ်ပြောလိုက်သည်။

"သူ့နဲ့ ကျုံးလီဖုန်းပိုင်ရဲ့ ရုပ်ရှင်အသစ်အကြောင်းပြောချင်တယ်လို့ ပြောလိုက်ရင်​ရော ဘယ်လိုလဲ။ အဆင်​ပြေ​လောက်လား? "

လုံးဝ အဆင်မ​ပြေဘူး! ဒိုင်အန်း သူ့ကို သတိ​ပေးလိုက်သည်။ “ ဒီရုပ်ရှင်မှာ မင်းနဲ့သူက အဓိကဇာတ်ကောင်ဖြစ်ခဲ့ရင်တောင် လာမယ့်နှစ်နွေရာသီမှာမှ စပြီးရိုက်ကူးဖြစ်လိမ့်မယ်။ ဒါ​တောင် ဘာကိုမှမသတ်မှတ်ရသေးဘူး။ ဆွေးနွေးစရာ ဘာရှိသေးလို့လဲ။ ကြည့်ရတာ​တော့ မင်းသူနဲ့ တကယ်အလုပ်လုပ်ချင်နေပုံရတယ်! "

ဖက်ရှင်ကျသည့် မစ္စတာ ||မြန်မာဘာသာပြန်||Where stories live. Discover now