[56]

1.7K 375 2
                                    

[Unicode]

အခန်း(၅၆):မျက်နှာထားဆိုးတဲ့ အစ်ကိုကြီး နှင့် ဖုန်း​ခေါ်လိုက်ပြီ


"ကျွန်တော် ချိုးကျီယန်အကြောင်းပြောနေတာလို့ အစ်ကိုကြီးက ဘာလို့ထင်ရတာလဲ?" ဆုနိုသည် စိတ်ပျက်လက်ပျက်အမူအရာဖြင့် သူ့အစ်ကိုကြီးကိုကြည့်လိုက်သည်။

"သူ မဟုတ်ဘူးလား?" အစ်ကိုကြီးသည် စိတ်ရှုပ်သွားသည့်အကြည့်ဖြင့် ဆုနိုကို ပြန်ကြည့်လာသည်။

ဘယ်ဟုတ်မလဲ!!

ဆုနိုသည် ဒီနေရာမှာပဲ ချက်ချင်းလဲပြိုကျသွားသလို ခံစားလိုက်ရသည်။

"ဒါဆိုဘယ်သူလဲ?" ဟန်ဝေ မေးလိုက်သည်။

“.....ကျွန်တော်ပြောရင် သူ့ကိုတကယ်သတ်မှာ မဟုတ်ဘူးမလား?” ဆုနို သတိကြီးစွာမေးလိုက်သည်။

"အစ်ကိုကြီး မလုပ်ပါဘူး" ဟန်ဝေ ဒေါသထွက်​နေသည့်ပုံ မ​ပေါ်​ရအောင် ကိုးယိုးကားယား အပြုံး
ဖြင့် ပြုံးပြလိုက်သည်။

ဒါပေမယ့် ဆုနိုက​တော့ အရမ်းကိုစိတ်ပူနေတုန်းပါပဲ! သူက မစ္စတာဒါရိုက်တာကို အရမ်းဂရုစိုက်တယ်လေ!

“ပြောသာပြောပါ ” အစ်ကိုကြီး သူ့ခေါင်းလေးကို ပွတ်​ပေးလိုက်သည်။

“အင်း....အဲဒါ.....အွန်.....အိုး....” ဆုနို အရမ်းကိုရှက်နေသည်။

"မင်း မပြောရင် ချိုးကျီယန်ကိုသတ်ပစ်မယ်" ဟန်ဝေ အံကြိတ်ကာ ပြောလိုက်သည်။

"ဒါဆိုရင်လည်း သူ့ကိုအရင်သတ်ပစ်လိုက် "  ဆုနိုသည်ထောင့်စွန်းဘက်ကို ကပ်သွားပြီး “သူ့ကိုသတ်ပြီးလို့ အစ်ကိုကြီး စိတ်ကျေနပ်သွားရင် ဘယ်သူလည်းဆိုတာ ကျွန်​တော် ပြောပြမယ် "

ဟန်ဝေသည် ဒေါသထွက်လွန်းလို့ ရယ်ချင်လာမိသည်။

"အစ်ကိုကြီးက ကျွန်တော့်ရဲ့ လိင်စိတ်တိမ်းညွှတ်တဲ့ အ​ပေါ်မှာ ဂရုမစိုက်ဘူးမဟုတ်လား?" ဆုနို သူ့အစ်ကိုကြီးအား ပါပီမျက်လုံးလေးဖြင့် ကြည့်ကာ သတိထား၍ မေးလိုက်သည်။

ဂရုစိုက်တာ​ပေါ့ကွ !!!

ဟန်ဝေ သူ့စိတ်ထဲတွင် အော်​ဟောက်လိုက်သည်။ ဒါပေမယ့် အခု သူ့ညီငယ်​​လေးကို ဦးနှောက်ဆေးပေးဖို့ မဟုတ်ဘဲ တစ်ဖက်သူက ဘယ်သူလဲဆိုတာသိဖို့က ဒီစကားဝိုင်းရဲ့အဓိက အချက်ပဲ!

ဖက်ရှင်ကျသည့် မစ္စတာ ||မြန်မာဘာသာပြန်||Where stories live. Discover now