Order of heart ep {1}

3.5K 143 0
                                    

အပိုင်း(၁)

အချိန်ကားည၁၀နာရီ ။


ိုးကသည်းထန်စွာရွာနေတဲ့အချိန်ပေကျင်းမြို့ရဲ့လမ်းဘေးတစ်နေရာကကားလေးပေါ်မှာကောင်လေးတစ်ယောက်

'ဒီအချိန်ကြီးကားတွေမရှိတော့ဘူးလားမသိငါဒီကားပေါ်မှာဘဲအိပ်ရတော့မှာလား အီး...ဟီးပါးရေ ကောရေကျန့်ကျန့်ကိုလာခေါ်ပါလို့'

ဟုတ်ပါတယ်သူကတော့ရှောင်းကုမ္ပဏီပိုင်ရှင်ဦးရှောင်းဟန့်လျန်ရဲ့အငယ်ဆုံးသားလေးရှောင်ကျန့်ပါ။

'ရှောင်ကျန့်တစ်ယောက်အခုသူ့အချစ်ဆုံးသူငယ်ချင်းယွိပင်းရဲ့မွေးနေ့ကအပြန်မှာကားပျက်သွားခြင်းဖြစ်တယ်ဖုန်းကလည်းဂိမ်းဆော့ထားလို့အားကုန်နေပြီအိမ်ကလည်းသူ့ကိုယွိပင်းအိမ်မှာဘဲအိပ်မယ်ထင်ပြီးလာမခေါ်တော့ဘူးနဲ့တူတယ်အရင်ကလည်းတအားနောက်ကျရင်အိပ်နေကျကိုးအခုကသူမအိပ်ချင်လို့ပြန်လာရင်းနဲ့လမ်းမှာကားပျက်သွားတာဖြစ်တယ်
ဒီနေ့မှမိုးကလည်းရွာလိုက်တာဆိုတာလမ်းမပေါ်မှာကားတစ်စီးတောင်မရှိဘူး
သူ့ကိုဘယ်သူ့မှမကယ်တင်ပေးကြတော့ဘူးလားလို့ဒီညဒီကားထဲမှာဘဲအိပ်ရတော့မှာလားဟင်'

သူတွေးရင်းငိုချင်လာပြန်ပြီ
သူဒီကားပေါ်မှာမအိပ်ချင်ဘူးလို့
အဲ့ဒီ့အချိန်မှာဘဲရှောင်ကျန့်တစ်ယောက်မိုးရေတွေကြားထဲကကားမီးရောင်လေးတစ်ခုကိုတွေ့လိုက်မိတယ်
သူအရမ်းဝမ်းသာသွားတယ်
သူ့လိုစိတ်ထားကောင်းတဲ့နတ်သားလေးကိုမိုးနတ်သားကစောင်မလိုက်တယ်နဲ့တူတယ်
သူတွေးရင်းကားပေါ်ကဆင်းလိုက်တယ်
ပြီးတာနဲ့လာနေတဲ့ကားရှေ့မှာပိတ်ရပ်လိုက်တယ်
မောင်းလာတဲ့ကားလေးဟာရှောင်ကျန့်ရှေ့မှာ ကျွီခနဲရပ်သွားခဲ့တယ်
ရှောင်ကျန့်အရမ်းပျော်သွားတယ်သူအကူအညီရပြီသူဒီညကားပေါ်မှာအိပ်စရာမလိုတော့ဘူး
သူဝမ်းသာအားရနဲ့ကားတံခါးကိုသွားခေါက်လိုက်တယ်
ဒါပေမဲ့ကားမှန်ကကျမလာခဲ့ဘူး
သူအရှုံးမပေးဘဲမိုးရေထဲမှာဆက်တိုက်ခေါက်နေမိတယ်
ဒါပေမဲ့ကားလေးဟာအရှိန်နဲ့ပြန်မောင်းထွက်သွားခဲ့တယ်
ရှောင်ကျန့်အရမ်းဝမ်းနည်းသွားတယ်သူအဲ့ကားထဲမှာလူတစ်ယောက်ထိုင်နေတာကိုဝိုးတဝါးမြင်လိုက်ရတယ်သေချာမမြင်ရတာတောင်ချောမယ့်ပုံပါဒါပေမဲ့ဘာဖြစ်လို့ငါ့လိုစိတ်ထားမကောင်းရတာလဲ ဟွန့် ရုပ်ကချောသလောက်စိတ်ပုတ်တဲ့လူကြီး
သူ့လိုရုပ်ချောပြီးစိတ်ထားကောင်းတဲ့နတ်သားလေးကိုကူညီမဲ့သူမရှိဘူးလားလို့
သူစိတ်ညစ်ညစ်နဲ့ဘဲလမ်းမပေါ်ထိုင်ချလိုက်တယ်ဟုတ်တယ်သူလမ်းမပေါ်ထိုင်ချလိုက်တာသူကားဆီကိုပြန်မသွားချင်တော့ဘူး
ပျင်းတယ်
တစ်ယောက်ယောက်မြန်မြန်လာခေါ်ပါတော့ဒီမှာဒုက္ခရောက်နေလို့ပါ
အဲ့ဒီ့အချိန်မှာကားမီးရောင်တစ်ခုသူ့ရှေ့ထပ်ရောက်လာခဲ့တယ်ဒီတစ်ခါတော့သူမထချင်တော့ဘူးကူညီချင်ရင်သူ့ဘာသာသူဆင်းလာလိမ့်မယ်
ကားတံခါးဖွင့်သံကိုသူကြားလိုက်ရတယ်

Order of heart (complete) Unicode & ZawgyiWhere stories live. Discover now