Order of heart ep{7}

1K 71 2
                                    

အပိုင်း(၇)

"ကျန့်ကျန့်?  ကျန့်ကျန့်ကဘယ်လိုလို့ဒီခြံထဲကထွက်လာတာလည်း"

ဟောက်ရွှမ်းတစ်ယောက်ရိပေါ်ခြံထဲကထွက်လာတဲ့ကျန့်ကျန့်ကိုမြင်ပြီးအံ့သြမိတယ်

ကျန့်ကျန့်ကဘယ်လိုလို့ဒီကိုရောက်နေရတာလည်း

ရှောင်ကျန့်သရက်သီးတွေကိုပိုက်လို့ခြံပြင်ထွက်လာတော့ခြံရှေ့မှာရပ်ထားတဲ့ကားထဲကနေလူတစ်ယောက်ဆင်းလာခဲ့တယ်

ကျန့်ကျန့်လည်းသေချာကြည့်လိုက်တော့

"ဟောက်ရွှမ်းကော"

ဟောက်ရွှမ်းကောကသူ့ကိုမေးနေတာကြောင့်သူလည်းပြောပြလိုက်တော့တယ်

ဟောက်ရွှမ်းလည်းကျန့်ကျန့်ပြောတာကိုကြားပြီးတာနဲ့အရမ်းအံ့သြသွားတယ်

"ကျန့်ကျန့် အဲ့ဒါဆိုအဲ့ဒီ့ကောင်ရိပေါ်ကလေတဆယ်ခွန်းမေးမှနှစ်ခွန်းလောက်ပြန်ဖြေပြီးစကားအပိုမပြောတတ်တဲ့ကောင်ကကျမ့်ကျန့်နဲ့ရန်ဖြစ်တယ်ဟုတ်လားပြီးတော့ခြံထဲကနေထွက်သွားဖို့ပြောတယ်ဟုတ်လား"

"ဟုတ်တယ်လေကောရဲ့ဒါနဲ့အဲ့လူစိတ်ပုပ်ကြီးနာမည်ကရိပေါ်တဲ့လား"

"ဟမ်ကျန့်ကျန့်ရိပေါ်နာမည်ကိုမသိဘူးလား"

"ဟင့်အင်းမသိဘူးလေသူလည်းကျန့်ကျန့်နာမည်မသိဘူးကျန့်ကျန့်လည်းသူ့နာမည်မသိဘူး"

"ဟမ်"

ဟောက်ရွှမ်းလည်းကျန့်ကျန့်အပြောကြောင့်ရယ်ချင်သွားတယ်ဘာလဲအဲ့ဒါဆိုအခုအဲ့ဒီ့ကောင်ရိပေါ်ကနာမည်တောင်မသိတဲ့ကလေးတစ်ယောက်နဲ့ရန်ဖြစ်နေတာလား

ဟောက်ရွှမ်းလည်းစိတ်ထဲရယ်နေရင်းနဲ့အပြင်မှာပါရယ်မိသွားတယ်

"ဟားး  ဟားးအဲ့တာဆိုကျန့်ကျန့်တို့၂ယောက်ကနာမည်တောင်မသိသေးတာကိုရန်တော့ဖြစ်တယ်ပေါ့"

"ဟုတ်တယ်လေဟောက်ရွှမ်းကောရဲ့အဲ့ဒါအဲ့လူကြီးအကျင့်မကောင်းလို့လေကျန့်ကျန့်လိုနတ်သားလေးကိုအရူးထင်လို့တဲ့မိုးရေထဲမှာတစ်ယောက်ထဲထားခဲ့တယ်အခုလည်းကြည့်ကျန့်ကျန့်ကသရက်သီးလေးလာခူးရုံဟာကိုကျန့်ကျန့်ကိုခြိမ်းလားချောက်လားနဲ့နှင်ထုတ်လိုက်တယ်အဲ့လူကြီးကတကယ်မကောင်းတဲ့လူကြီး  ဟွန့်"

Order of heart (complete) Unicode & ZawgyiWhere stories live. Discover now