Order of heart ep{2}

1.6K 120 0
                                    

အပိုင်း(၂)

ရိပေါ်တစ်ယောက်ဒီနေ့တစ်ရက်အလုပ်နားပြီးသူနေဖို့အိမ်လာကြည့်နေခြင်းဖြစ်သည်။

သူဝမ်အိမ်တော်မှာဆက်မနေနိုင်တော့ပေ။
ဝမ်အိမ်တော်ကသူ့ဒယ်ဒီနဲ့ဒယ်ဒီ့ယောက်ျားကိုသူမျက်နှာချင်းမဆိုင်ချင်၍ဖြစ်သည်။
သူ့ဒယ်ဒီကမားဆုံးပြီး၁နှစ်အကြာမှာနောက်ယောက်ျားထပ်ယူခဲ့သည်။
ဟုတ်တယ်သူ့ဒယ်ဒီကယောက်ျားယူခဲ့တာ
ပြီးတော့အဲ့လူကဒယ်ဒီ့အချစ်ဦးတဲ့
ရိပေါ်ရဲ့မိဘတွေကအချစ်မပါဘဲစီးပွားရေးကြောင့်လက်ထပ်ခဲ့ကြတယ်
ဒါပေမဲ့မားကတော့ဒယ်ဒီ့ကိုချစ်ခဲ့ပြီးအမြဲအိမ်ထောင်ရှင်မတာဝန်ကျေခဲ့တယ်
ဒယ်ဒီကတော့မားကိုအမြဲစီးပွားရေးပါတနာတစ်ယောက်လိုသာဆက်ဆံခဲ့သည်
သူမွေးလာတော့လည်းဒယ်ဒီနဲ့မားရဲ့ဆက်ဆံရေးကအေးစက်စက်သာ
ဒယ်ဒီကကုမ္ပဏီအလုပ်တွေနဲ့အမြဲရှုပ်နေတာမို့သူ့မားနဲ့သာအနေများခဲ့တယ်
မားကိုသူအရမ်းချစ်တယ်
ဒါပေမဲ့မားကသူ့အသက်၂၀နှစ်မှာဘဲနှလုံးရောဂါကြောင့်ဆုံးသွားခဲ့တယ်။
မားဆုံးတုန်းကသူအရမ်းငိုခဲ့ရတယ်
အဲ့နေ့ကစပြီးဒီနေ့ထိသူဘယ်တော့မှထပ်မငိုတော့ဘူး။
မားဆုံးသွားတော့သူနဲ့ဒယ်ဒီရဲ့ဆက်ဆံရေးကပိုဆိုးလာခဲ့တယ်
ဒယ်ဒီကတော့သူ့ကုမ္ပဏီမှာအလုပ်ဝင်ဖို့ပြောပေမဲ့သူလက်မခံခဲ့။
​တကယ်ဆိုရင်မားဆုံးသွားတာဒယ်ဒီ့အပြစ်လည်းမကင်းပေ။
ဒယ်ဒီသာမားကိုပိုဂရုစိုက်ပေးခဲ့ရင်မားဒီ့ထက်အသက်ရှင်နိုင်ဦးမယ်လို့သူယုံတယ်။
မားကအမြဲပြောခဲ့တယ်သူလိုချင်တာဒယ်ဒီ့ရဲ့ဂရုစိုက်မှုလေးတစ်ခုသာ
ပြီးတော့မားကပြောခဲ့သေးတယ်

'သူဒယ်ဒီ့ရဲ့အချစ်ဦးကိုအရမ်းအားကျတယ်တဲ့'

ဒယ်ဒီကမားနဲ့လက်ထပ်ပြီးတာတောင်အချစ်ဦးကိုမေ့နိုင်သေးတဲ့ပုံမပေါ်
တစ်ခါတစ်လေသူ့အချစ်ဦးကိုသွားသွားတွေ့တတ်သေးတယ်တဲ့
မားကသိပေမဲ့အမြဲမသိယောင်ဆောင်ခဲ့တယ်
မားကအဲ့ဒဏ်တွေကြောင့်နှလုံးရောဂါကပိုဆိုးလာခဲ့တယ်
တစ်နေ့သူကျောင်းကပြန်လာတဲ့အချိန်မှာဘဲ
မားဟာနှလုံးရောဂါကြောင့်ဆုံးသွားခဲ့တယ်
.............................................................
"ဟေ့ကောင် ရိပေါ်မင်းဘာတွေတွေးနေတာလည်း"

Order of heart (complete) Unicode & ZawgyiWhere stories live. Discover now