Order of heart ep{9}

997 75 2
                                    

အပိုင်း(၉)


ကျန့်ကျန့်လည်းကောကိုဆွဲခေါ်ပြီးတော့သာအိမ်ကိုပြန်လာလိုက်ရတယ်
အဲ့ဒီ့ကောကလည်းလေဘာမှန်းမသိကျန့်ကျန့်လူကြီးကိုဆွဲထိုးရက်တယ်ကျန့်ကျန့်လူကြီးသနားပါတယ်ကျန့်ကျန့်ဆေးထည့်ပေးချင်လိုက်တာ
ဒါပေမဲ့အခုလောလောဆယ်ဒေါသထွက်နေတဲ့ကောကိုအရင်ချော့ရမယ်နဲ့တူတယ်

"ကော.."

ရိရှင်းအခုထိစိတ်ထဲဒေါသထွက်နေမိတုန်းပင်အဲ့ကောင်ကဘာလဲသူကစပြီးတစ်အိမ်လုံးကရှိသမျှလူအကုန်လေသံမာမာနဲ့တောင်မပြောရက်တဲ့ကျန့်ကျန့်ကိုသူကနှင်ထုတ်နေလိုက်တာများတော်ပါနောက်ဆိုအဲ့လိုကောင်မျိုးနဲ့တစ်သက်လုံးမပတ်သက်မိအောင်နေရမယ်ကျန့်ကျန့်ကိုလည်းပြောထားရမယ်နောက်ဆိုအဲ့ဘက်ခြံကိုထပ်မသွားဖို့နဲ့အဲ့ကောင်နဲ့ထပ်မပတ်သတ်ဖို့ပြောထားရမယ်ရုပ်ကချောပေမဲ့တစ်လောကလုံးသူ့လုပ်စာထိုင်စားထားရတဲ့ရုပ်နဲ့တစ်စက်မှအချိုးမပြေဘူး
(အဲ့တာကောရဲ့အနာဂတ်ယောက်ဖလောင်းပါလို့🤭🤭)

ရှောင်ကျန့်လည်းအတွေးလွန်နေတဲ့ကောကြောင့်နောက်တစ်ခေါက်ထပ်ခေါ်လိုက်တယ်

"ကော.."

ရိရှင်းလည်းအတွေးလွန်နေရာကနေကျန့်ကျန့်ရဲ့အသံကြားမှသတိဝင်လာခဲ့တယ်

"ကျန့်ကျန့်လေးဘာပြောမလို့လဲ"

"ဟိုဟာလေကောအဲ့ဒါကလေ.."

"ကျန့်ကျန့်လေးမပြောတတ်ရင်ကောအရင်ပြောမယ်ကျန့်ကျန့်လေး  ကျန့်ကျန့်လေးကိုကောအရမ်းချစ်တာသိတယ်မလား"

ကျန့်ကျန့်သိကြောင်းခေါင်းငြိမ့်ပြလိုက်တယ်

"အဲ့ဒါဆိုကောပြောတာကိုသေချာနားထောင်နော်ကျန့်ကျန့်လေးကောကကျန့်ကျန့်လေးကိုကောင်းစေချင်လို့ပါနောက်ဆိုအဲ့ဘက်ခြံကလူနဲ့လုံးဝမပတ်သတ်နဲ့တော့နော်အဲ့ကောင်ကတကယ်ကိုမာနတခွဲသားနဲ့ကောရဲ့ကျန့်ကျန့်လေးကိုများသူကအော်ပြီးနှင်ထုတ်တယ်ကျန့်ကျန့်လေးကြားတယ်နော်နောက်ဆိုအဲ့လိုလူတွေနဲ့လုံးဝမပတ်သတ်နဲ့အဲ့ကောင်နဲ့ရမဲ့မိန်းကလေးကိုတော့ငါတစ်ကယ်သနားတယ်တစ်နေ့တစ်နေ့သူ့မျက်နှာကြည့်နေရတာနဲ့တင်ထမင်းစားဝင်မှာမဟုတ်တော့ဘူး.......#$%&ו°'*-%*/::"/?#$%*"

Order of heart (complete) Unicode & ZawgyiWhere stories live. Discover now